ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် နောက်ဆုံးနေ့

ဒေါ်အောင်ဆန်း စုကြည်ကို ပြင်သစ် လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ Claude Bartolone က ဇွန် ၂၈ ရက်တွင် တွေ့ဆုံစဉ်။

ပြင်သစ် နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမို ကရေစီ  ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ မှာတော့ သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေ့ဆုံခဲ့ သလို ပြင်သစ် အမျိုးသားလွှတ်တော် ဥက္ကဌ အပြင် လွတ်တော် ကိုယ်စားလှယ် တချို့နဲ့လည်း တွေဆုံခဲ့ပါတယ်။ ဒါ့အပြင် ညနေပိုင်း မှာတော့ ပြင်သစ်နိုင်ငံ နာမည်ကြီး ဆော်ဘွန်း (Sorbonne) တက္ကသိုလ် မှာ ကျောင်းသားတွေ နဲ့ တွေ့ဆုံပွဲတခုပြုလုပ်ဖို့ ရှိပါတယ်။ ဒီကနေ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြင်သစ် အမျိုးသမီး တဦးအား ဒေါ်အောင်ဆန်း စုကြည် နှုတ်ဆက် နေစဉ်
ဇွန်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယမြောက်နေ့ 
ဖြစ်တဲ့ ဒီကနေဇွန်လ ၂၈ ရက် ကြာသာပတေးနေ့ ပြင်သစ်စံတော်ချိန် မနက် အစောပိုင်းမှာတော့ ပြင်သစ် သမ္မတဟောင်း နီကိုလာ ဆာကိုဇီနဲ့ တွေဆုံပါတယ်။ အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ်နိုင်ငံ အမျိုးသား လွှတ်တော်ထဲကို သွားခဲ့တဲ့ ဒီကနေ့ အစီအစဉ် တချို့ ကိုတော့ ပြင်သစ်အခြေစိုက် လူအခွင့်ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ လှုပ်ရှားနေတဲ့ CCFD အဖွဲ့က သတင်းနဲ့ 
ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောပြပါတယ်။

"ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်လာလည်တဲ့ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်ပြီး အစီအစဉ်တွေက တနေ့လုံးအပြည့်ပါပဲ" လို့ ပြင်သစ် ဘာသာစကားနဲ့ ပြောပြသွားတာပါ။

မနက်ပိုင်းက သမ္မတဟောင်း ဆာကိုဇီနဲ့ရော သူ့ဇနီးနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်စာ ကော်ဖီ အတူသောက်ကြရင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ် အမျိုးသား လွှတ်တော်ဥက္ကဌ နဲ့ တွေ့ဆုံသလို ပြင်သစ် လွှတ်တော်ထဲမှာ မြန်မာ့အရေးအတွက် လှုပ်ရှားနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ရော တခြားလွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ပါ တွေ့ဆုံတယ် ဆိုတာတွေ သိထားပါတယ်လို့Vincent Brosselက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာတော့ ပြင်သစ်က နာမည်ကြီး ဆော်ဘွန်း တက္ကသိုလ် မှာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ပါ့မယ်။ ညနေပိုင်းမှာတော့ ပဲရစ်မှာလုပ်နေတဲ့ စီးပွားရေး၊ လူမှုရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မနေ့က ဆိုရင်လည်း ပါရီမြို့တော်သူဆု လက်ခံခဲ့ပြီး ပြင်သစ် နိုင်ငံခြားဌာနမှာ နိုင်ငံခြားရေးဝန်ကြီး (Laurent Fabius) နဲ့ တွေ့ဆုံခဲ့တာတွေ ရှိသလို ဇွန်လ ၂၇ ရက်နေ့ကလည်း ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်ကို လာလည်တဲ့ ခရီးစဉ်အတွင်း ပြင်သစ်အစိုးရရဲ့ ကြိုဆိုမှု၊ ပြင်သစ် လူထုရဲ့ ကြိုဆိုမှုဟာ အင်မတန်မှ အားရစရာ ကောင်းသလို နှစ်ပေါင်း များစွာ မြန်မာပြည်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ပိုရလာတာမျိုး ရှိတွေရတယ်လို့လည်း Vincent ကပြောပါတယ်။

"တကယ့်ကိုအောင်မြင်တဲ့ ခရီးစဉ်ပါပဲ။ နှစ်ပေါင်းများစွာ ပဲရစ်မြို့ကြီးက လမ်းမကြီးပေါ်တွေ၊ ပဲရစ်မြို့က အထင်ကရ နေရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့တဲ့ ပုံရိပ်တွေဟာ မနေ့က ကျနော်တို့ အားလုံးအတွက် အစစ်အမှန် ဖြစ်လာခဲ့ပြီဆိုတာ သိလိုက်ရပါတယ်။ ပါရီမြို့တော်သူအဖြစ် ဆုလက်ခံယူစဉ် ပြုံးရွင်နေတဲ့ သူမျက်နှာနဲ့ လက်ရှိ မြန်မာပြည်က တကယ့် နိုင်ငံရေး အခြေအနေတွေ အကြောင်း ပြောပြခဲ့တဲ့ မိန့်ခွန်းတွေ အားလုံးဟာ ပြင်သစ်နိုင်ငံအတွက် အမှတ်တရ ရှိနေပါတယ်" လို့ CCFD အဖွဲ့က ပြန်ကြားရေး ဒါရိုက်တာ Vincent Brossel က ပြောသွားတာပါ၊

အခုလို အစီအစဉ်တွေထဲ အစိုးရ အဖွဲ့နဲ့ မဟုတ်တဲ့ နေ့လည်ပိုင်းမှာရှိမယ့် ကြားဖြတ် အစီအစဉ် တခုကိုလည်း ပြင်သစ်နိုင်ငံ မြန်မာအရေးအဖွဲက ကိုထွေးကလည်း ပြောပြပါတယ်။

"ပဲရစ် တိုင်းဒေသကြီး အကြံပေးရုံးမှာ တချို့ အစိုးရ အရာရှိတွေနဲ့၊ လွှတ်တော် အမတ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခု ရှိပါတယ်။ အဲဒါကို ကိုဇေယျာသော် တက်ပါမယ်။ ညနေဖက်မှာတော့ သင်္ဘောပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်ဆိမ်း မြစ်ကမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ပွဲတခုလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီကိုတော့ အချိန်ရရင် ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်လောက် ရောက်လာမယ်လို့ ပြောပါတယ်။ ကျနော်တို့ မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ ထပ်ပြီးတော့ တွေ့ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်မှာ ရောက်နေတဲ့ မြန်မာ မိသားစုတွေဟာ ရင်းရင်း နှီးနှီးကို တွေ့ဆုံခဲ့ရပါတယ်။"

ပြင်သစ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့ထဲက အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုထွေး ပြောပြခဲ့တာပါ။ ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇွန်လ ၂၉ ရက်မှာတော့ မြန်မာပြည်ကို ပြန်မှာဖြစ်ပါတယ်။ ဇွန် ၁၃ ရက်နေ့ကနေ ၂၉ ရက်နေထိ ခရီးစဉ်အတွင်း မှာတော့ ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန် အင်္ဂလန်နဲ့အတူ ပြင်သစ် နိုင်ငံတွေကို သွားခဲ့တာဖြစ်ပြီး အဲဒီနိုင်ငံက ခေါင်းဆောင်တွေ ဒီဥရောနိုင်ငံတွေမှာ ရှိတဲ့ မြန်မာ အင်အား စုတွေနဲ့ လည်း တွေဆုံခဲ့တာလည်း ဖြစ်ပါတယ်။

4:00 AM | Posted in , , | Read More »

နိုင်ငံသား မဟုတ်သူများ တတိယနိုင်ငံပို့ရန် ရခိုင်ပါတီ တောင်းဆို

နိုင်ငံသား မဟုတ်သူများ တတိယနိုင်ငံပို့ရန် ရခိုင်ပါတီ တောင်းဆို

ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ညှိနှိုင်းမှုရယူပြီး ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြ သည့် နိုင်ငံသား မဟုတ်သည့် ဘင်္ဂါလီ များအား သင့်တော် သည့်နေ ရာ၌ ယာယီနေရာချ ထားပေးပြီး ကာလတခု သတ်မှတ်၍ တတိယနိုင်ငံများသို့ ပြောင်းရွှေ့ ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု များကြောင့် ရခိုင်ပြည်သူများသည် အမျိုးသားရေး ဆိုင်ရာ အခက်အခဲ များစွာကို ရင်ဆိုင်နေရကြောင်း၊ ထိုအခက်အခဲများအား ပြည်ထောင်စုဘွား တိုင်းရင်း သားပြည်သူ တရပ်လုံး ပူးပေါင်း ဖြေရှင်း ပေးကြရန် လိုအပ်နေကြောင်း RNDP က ဇွန်လ ၂၆ ရက် စွဲဖြင့် ကြေညာချက်ထုတ်ခဲ့သည်။

RNDP ပါတီ၏ ကြေညာချက်နှင့် ပတ်သက်၍ မြန်မာမွတ်စလင် အိုမာအဖွဲ့ချုပ် တာဝန်ရှိသူ ဦးရဲနောင်သိန်း က “ကြေညာချက် ကတော့ သူတို့သဘောထား ဖြစ်လို့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ကတော့ မကြိုဆိုချင်ပါဘူး။ အရင်ကတည်းက နေထိုင်လာတဲ့ သူတွေကိုတော့ အတည်တကျပဲ အဲဒီနေရာ မှာ နေစေချင်ပါတယ်။ တရားမ၀င် ကိစ္စတော့ လူဝင်မှုကြီးကြပ်ရေး ကိစ္စပါ” ဟု ဆိုသည်။

ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့ပေါ်ရှိ ဈေးတချို့မှ ဘင်္ဂါလီ ဆိုင်များအား မြို့ပြင်ရှိ ဘင်္ဂါလီကျေးရွာများ၌ နေရာချပေးခြင်း၊ နေအိမ်တချို့ ပြောင်းရွှေ့ခြင်း ကိစ္စတို့ အား ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့က ဆောင်ရွက်ပေးခဲ့သည်။

နည်းလမ်းစုံဖြင့် နိုင်ငံတွင်း ၀င်ရောက်လာသည့် ဘင်္ဂါလီများသည် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ စီးပွားရေး၊ လူမှုရေးတွင် သာမက နိုင်ငံရေးအရ ပါဝင်ပတ်သက်ခွင့်ရရန် ကြိုးစားလာခဲ့ သည် မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်ကြောင်း၊ ရခိုင်ဒေသကိုလည်း ၎င်းတို့၏ ဒေသ ဖြစ်သည်ဟု လုပ်ကြံပြော ဆို နေပြီး ၎င်းတို့ ဒေသအား ရခိုင်တိုင်းရင်းသားများက ဖျက်ဆီးနေသည်ဟု ပြောဆိုကြောင်း RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

“ရခိုင်ပြည်ကို အရင်က သူတို့တိုင်းပြည် ဖြစ်ခဲ့သလိုမျိုး ဖန်တီးပြောတယ်၊ ရိုဟင်ဂျာ လူမျိုးလို့ ထွင်လာ တယ်၊ သူတို့ဒေသကိုပဲ ကျနော်တို့က ဖျက်ဆီးနေသလိုလို လုပ်ကြံ ဖန်တီးလာတယ်၊ အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆင့်ဆင့်ကလည်း ကျနော်တို့ လက်မခံနိုင်စရာ ကိစ္စတွေကို လုပ်ခဲ့ကြလို့ ဒီလိုမျိုး ပြဿနာတွေ ကြီးထွားလာတာ” ဟု ၎င်းက ဆိုသည်။

ခေတ်အဆက်ဆက် တရားမ၀င်သော နည်းလမ်းဖြင့် ရခိုင်ဒေသတွင်းသို့ ၀င်ရောက်လာသော ဘင်္ဂါလီ ဦးရေသည် ရခိုင်တိုင်းရင်းသား တရပ်လုံးနှင့် ထိုဒေသတွင် နေထိုင်သော တခြား တိုင်းရင်းသားများ အတွက် အထူးစိုးရိမ်ရသည့် အခြေအနေ တခုအဖြစ် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအရ သုံးသပ်နိုင်ကြောင်း RNDP ကြေညာချက်က ဆိုထားသည်။

မွတ်စလင် ခေါင်းဆောင်များ အနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်ကြလိုကြောင်း၊ အကြမ်းဖက်လိုသူ တစု၏ လုပ်ရပ်များကြောင့် မလိုလားအပ်သော ဆူပူအကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ရသည်ကို ရှုတ်ချကြောင်း ဦးရဲနောင်သိန်းက ပြောသည်။

“ပြဿနာတွေ စုံစမ်းဖို့ နိုင်ငံတော်က ကော်မရှင်တရပ် ဖွဲ့တဲ့နေ့မှာပဲ မောင်တောမှာ အကြမ်းဖက် မှုတွေ ဖြစ်ခဲ့တယ်၊ ဒီလို ရုပ်ဆိုးတဲ့ လုပ်ရပ်ကို ကျနော်တို့ ရှုတ်ချတယ်၊ ဒေသခံတွေမှာလည်း ခံစားချက် ရှိမှာပေါ့၊ မလုပ်သင့်တဲ့၊ မှားတဲ့ လုပ်ရပ်လို့ သုံးသပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ဘင်္ဂါလီများနှင့် ရခိုင်ဒေသတွင်း နေထိုင်ကြသည့် ဒေသခံတိုင်းရင်သားများ အကြားတွင် ၁၉၄၂ ခုနှစ် အရေးအခင်း၊ ၁၉၈၈၊ ၁၉၉၆ အရေးအခင်းများ၊ ၂၀၀၁ အရေးအခင်းနှင့် ယခုနှစ် ၂၀၁၂ အရေးအခင်း တို့ ဖြစ်ပွားခဲ့သည်။ ထိုအရေး အခင်းများ အနက် ယခု အရေးအခင်းသည် ရခိုင်တိုင်းရင်း သားများနှင့် မြန်မာတနိုင်ငံလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟုလည်း RNDP က ဆိုသည်။

ပြည်တွင်း၌ နေထိုင်သည့် အစ္စလမ်ဘာသာဝင်များအနေဖြင့် နိုင်ငံသား အဖြစ် သတ်မှတ်ခြင်း၊ မသတ် မှတ်ခြင်းသည် နိုင်ငံတော် အစိုးရနှင့်လူဝင်မှု ကြီးကြပ်ရေး အပေါ်မူတည်ကြောင်း၊ အစ္စလမ် ဘာသာ ၀င်များသည် တိုင်းရင်းသားအဖြစ် တောင်းဆိုရန် မလိုလား ဘဲ မြန်မာနိုင်ငံသား မြန်မာ မွတ်စလင်များ အဖြစ်သာ နေထိုင်လိုကြောင်း မွတ်ဆလင် အိုမာ အဖွဲ့ချုပ်က ဆိုသည်။

မွတ်ဆလင် အိုမာအဖွဲချုပ်အနေဖြင့် အစ္စလမ်ဘာသာဝင်များ အားလုံးသည် မြန်မာနိုင်ငံသား တိုင်းရင်း သားအား လုံးနှင့်ငြိမ်း ချမ်းစွာအတူ ယာဉ်တွဲနေထိုင်ရေးကိစ္စ စည်းရုံးသွားမည် ဖြစ်ကြောင်း၊ စည်းရုံး မရသည့် အစွန်းရောက်သူ များကိုလည်း နိုင်ငံတော် က ဥပဒေအရ ဆောင်ရွက်သွားလိမ့် မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အား ယုံကြည်ကြောင်း ဦးရဲနောင်သိန်းက ပြောသည်။

RNDP ပါတီအနေဖြင့် ပြည်သူများ၏ ဆန္ဒအရ တရားမ၀င် လာရောက်နေထိုင်သည့် ဘင်္ဂါလီများအား ဥပဒေအရ ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ နိုင်ငံသား အခွင့်အရေး ခံစားခွင့် ခိုင်မာမှု မပြနိုင်သူများကို ဒုက္ခသည် စခန်းများသို့ ပို့ဆောင်ရေးနှင့် နိုင်ငံသား မဟုတ် ဘဲ ငွေကြေးရယူ၍ နိုင်ငံသားကတ် တရားမ၀င် ထုတ်ပေးခဲ့သည့် တာဝန်ရှိသူ များအား ၁၉၈၂ နိုင်ငံသား ဥပဒေအရ ဆောင်ရွက်ပေးရေးတို့ကို နိုင်ငံတော် အစိုးရထံ တောင်းဆိုသွားမည်ဟု သိရသည်။

ထိုဥပဒေ၌ လူဦးရေ တိုးပွားမှု ထိန်းချုပ်ရန် နိုင်ငံသားမဟုတ်သူများ အတွက် လက်ထပ်ခွင့်၊ ခရီးသွား လာခွင့် ကန့်သတ်ထားမှု တချို့ပါရှိသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသတို့၌ ဘင်္ဂါလီလူဦးရေ ၉၇ ရာခိုင်နှုန်းအထိ တိုးပွားနေပြီး ရခိုင်တပြည်လုံး၌ ၈ သိန်းကျော်ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ စာရင်းများက ဆိုသော် လည်း ဒေသခံများ၏ ပြောဆိုမှု အရ သန်းချီ ရှိကြောင်း သိရသည်။

မောင်တော၊ ဘူးသီးတောင်နှင့် ဒေသ တချို့မှ ဒေသခံတိုင်းရင်သား ကျေး ရွာပေါင်း ၃၈၀ ကျော်သည် ၁၉၄၂ ခုနှစ် အရေး အခင်းနောက် ပိုင်းတွင် ဘင်္ဂါလီကျေးရွာများ ဖြစ်သွားကြောင်း ရခိုင်ဒေသခံများ က ပြောသည်။

အိမ်နီးချင်းနိုင်ငံမှ ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတ၀ှမ်းသို့ နည်းလမ်းစုံဖြင့် ကျူးကျော် ၀င်ရောက် နေခြင်းအား ၀ိုင်းဝန်းတားဆီးရာ၌ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအားလုံး ပူးပေါင်း ပါဝင်ရန် လိုကြောင်း RNDP က ကြေညာချက် ထုတ်၍ ပန်ကြားလိုက်သည်။

3:51 AM | Posted in , | Read More »

ဒုတိယစီးရီးထွက်ဖို့ စိုင်းပြင်းနေတဲ့ အေသင်ချိုဆွေ

ဒုတိယစီးရီးထွက်ဖို့ စိုင်းပြင်းနေတဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေက ဒုတိယစီးရီး “မောင့်လက်ဖဝါး” ဟု ယာယီပေး ထားပြီး၊ထိုသီချင်းကိုသူမကိုယ်တိုင်ရေးသားထားကြောင်း အေသင် ချိုဆွေ ကပြောသည်

အေသင်ချိုဆွေက သူမ၏ ဒုတိယတေးအယ်လ်ဘမ် ကို အောက်တို ဘာလတွင် ထွက်ရှိနိုင်ရန် စီစဉ်နေပြီး ထွက်ရှိပြီးသော အမှတ်တရ စီးရီးဖြစ်သည့် “အနီးဆုံးလူ..နမ်းပါ” ဗီစီဒီကိုမူ လတ်တလော ထွက် ရှိနိုင်ခြင်း မရှိသေးကြောင်း အေသင်ချိုဆွေကပြောသည်။ 

အေသင်ချိုဆွေက ဒုတိယစီးရီး “မောင့်လက်ဖဝါး” ဟု ယာယီပေး ထားပြီး၊ထိုသီချင်းကို သူမကိုယ်တိုင်ရေးသားထားကြောင်း အသင်ချိုဆွေကပြောသည်။ “အဲဒီ့စီးရီးမှာ Featuring ကို J-me၊ ကြက်ဖတို့၊ တေးရေး R-Ti၊ J-me၊ ကြက်ဖရယ်၊ သြရသရယ်၊ မင်းကို၊ အေသင် နှစ်ပုဒ်ရေးထားတယ်။ “မောင့်လက်ဖဝါး”ဆိုတာက မသေချာသေးဘူး။ အဲဒီ Title က ယာယီပေးလိုက်တာပါ။ တကယ်တမ်း ထွက်လာရင် အဲဒီ့နာမည် ဟုတ်ချင်မှ ဟုတ်မယ်။ ရွေးနေ တာလည်းရှိတယ်။ ကိုကြက်ဖနဲ့လုပ်ထားတဲ့ သီချင်းပုံစံလေးက နည်းနည်းဆန်းတယ်။ ကိုသြရသနဲ့ ကျတော့ အရင်ပုံစံမျိုးလေးတွေပါပဲ”ဟု အေသင်ချိုဆွေကပြောသည်။ လတ်တလော အနုပညာလှုပ်ရှားမှု အနေနှင့် လူမင်း၊ ရဲအောင်၊ နန္ဒတို့နှင့် ဗီဒီယိုဇာတ်ကား ရိုက်ကူး ထားကြောင်း အေသင်ချိုဆွေ ကပြောသည်။

Credit: ကြူကြူဟန် (7Day News Journal)

2:35 AM | Posted in , | Read More »

Tablet တစ်လုံး ရရှိစေမည့် စီမံကိန်းကို ထိုင်းအစိုးရ စတင်

Tablet တစ်လုံး ရရှိစေမည့် စီမံကိန်းကို ထိုင်းအစိုးရ စတင်

ထိုင်းနိုင်ငံအတွင်းရှိမူလတန်းပညာသင်ကြားနေကြသောကျောင်းသား၊
ကျောင်းသူများအား တစ်ဦးလျှင် ကိုယ်ပိုင် Tablet တစ်လုံး ရရှိစေရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထိုင်းအစိုးရက တရားဝင် တရားဝင်  ပြောကြားလိုက်သည်။ လက်ရှိ အာဏာရ ပြူထိုင်းပါတီမှာ ၎င်းတို့၏ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်ခရီးစဉ်များတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ မူလတန်းကလေးငယ် တစ်ဦးလျှင် Tablet တစ်လုံး အခမဲ့ ရရှိစေရမည်ဖြစ်ကြောင်း ကတိပေး စည်းရုံးခဲ့ဖူးသည်။ ကလေးငယ်များအတွက် Tablet များကို ထိုင်းအစိုးရက တရုတ်ကုမ္ပဏီ Shenzhen ကုမ္ပဏီထံမှ မှာယူ တင်သွင်းသွားမည် ဖြစ်သည်။ ပထမအသုတ်အဖြစ် လာမည့် သြဂုတ်လ ၁၈ ရက်နေ့ တွင် Tablet အလုံးရေ ၄ သိန်းကို သင်္ဘောဖြင့် သယ်ဆောင်ရန်လည်း စာချုပ်ချုပ်ဆို ထားပြီ ဖြစ်သည်။ နှစ်ဖက်တာဝန်ရှိသူများက သဘောတူညီချက်အရ တရုတ်ကုမ္ပဏီ Shenzhen မှာ ထိုင်းနိုင်ငံသို့ Tablet အလုံးရေ ၅ သိန်း ရောင်းချသွားရန် စာချုပ်ချုပ်ဆိုထားသည်။ ထိုင်းအစိုးရ မှာ နိုင်ငံတစ်ဝန်း မူလတန်းပညာ သင်ကြားလျက်ရှိသော ကလေးငယ် ၁ သန်းအား Tablet များ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ကန်ဒေါ်လာ ၃၂ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း အတိ အလင်း ကြေညာထားသည်။

ကိုကိုအောင်

1:24 AM | Posted in , | Read More »

အီတလီက ဂျာမနီကို အနိုင်ယူပြီး ယူရို ၂၀၁၂ ဗိုလ်လုပွဲတက်ရောက်

ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စပိန်နှင့် အီတလီ အသင်းတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ဇူလိုင် ၂ ရက် နံနက် ၁း၁၅ တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ် 

ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ဂျာမနီနှင့် အီတလီအသင်းတို့ ယနေ့ ယှဉ်ပြိုင် ကစားခဲ့ရာ အီတလီက ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ အီတလီ အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် မိနစ် ၂၀ တွင် တိုက်စစ်မှူး ဘာလော့တယ်လီ က ခေါင်းတိုက် သွင်းယူခဲ့သည်။

ပွဲကစားချိန် ၃၆ မိနစ်တွင် ဘာလော့တယ်လီကပင် ဂိုးဧရိယာရှေ့သို့ ဖြတ်တင်ပေးပို့ လိုက် သည့် ဘောလုံးကို လူကျွံဘောထောင်ချောက်မှ ရုန်းထွက်ရယူသွားပြီး အပိုင်ကန်သွင်းယူခဲ့သည်။ ဂျာမနီအတွက် ချေပဂိုးကို နာကျင်အချိန်ပိုတွင် ပင်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် အိုဇေးလ်က သွင်းယူခဲ့ခြင်း ဖြစ်သည်။

ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စပိန်နှင့် အီတလီ အသင်းတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ဇူလိုင် ၂ ရက် နံနက် ၁း၁၅ တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ စပိန်နှင့် အီတလီတို့သည့် အုပ်စု (C) တွင် တစ်အုပ်စုတည်းဖြစ်ပြီး အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့စဉ်က တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ ခဲ့သည်။

ဂျာမနီ ၁ - ၂ အီတလီ

12:45 AM | Posted in , | Read More »

ရခိုင်ပြည်နယ်အတွက် Border Guard Forces ဖွဲ့ စည်းပေးသင့်

အစိုးရသည်ရခိုင့်အရေးကို - လက်ရှိအမြင်ပြောရ လျှင် - အုပ်ချုပ်ရေး (administrative/ law and order issue) ပြဿနာအဆင့်ထားကာ ပြည် 
ထောင်စု အစိုးရ အဖွဲ့ ကသာကိုင်တွယ်ဖြေရှင်းနေ ဟန်ရှိ သည်။



သို့ သော်ပြည်သူလူထုကမူ အမျိုးသားအရေး (a national concern) အဖြစ် မြင်နေကြသည်။
ထို့ ကြောင့် 7 Day News ဂျာနယ်ကလွှတ်တော် ကိုမတင်ဘူးလားဟု အစိုးရအာဏာရပြည်ခိုင်ဖြိုး ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဌေးဦးကိုမေးခွန်း ထုတ်ခဲ့သည်။ ဦးသိန်းညွန့် စသောပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တို့  ကလည်းလွှတ်တော်သို့  တင်သွင်းရန်အသံမြည်လာကြပြီ။

အမျိုးသားအရေးဟု သတ်မှတ်သူများအနက်တတ်နိုင်သူများက အလှုငွေသိန်းထောင်နှင့်ချီ၍ အပြိုင် အဆိုင်လှုဒါန်းကြယုံမက ဒုက္ခသည်များထံ သို့ကိုယ်တိုင် ကိုယ်ကျသွားရောက်စောင့်ရှောက်နေ ကြပြီဖြစ်သည်။ [ဧရာဝတီတိုင်း၌နာဂစ်မုန်တိုင်းဖျက်ဆီးပြီးချိန်ကာလကိုပြန်သတိရစရာပင်။]

ရခိုင်အရေးနှင့် ပါတ်သက်၍ တစ်ဦးချင်းခံစားချက်(emotions) များကိုအချိန်အတိုင်းအတာ တစ်ခုအထိ ခွင့်ပြုပေးခဲ့ကြပြီးပါပြီ။ရှေ့ ခရီးအတွက် အလုံးစုံ ပါဝင်သောချဉ်းကပ်နည်း (comprehensive approach) ဖြင့် အကောင်းဆုံး ဟုမဆိုနိုင်သော်လည်းလက်တွေ့ အကောင်အထည်ဖေါ်ယူနိုင်မည့် (realistic and feasible solution) အဖြေကိုစဉ်းစားကြရမည်ဖြစ်ပါသည်။

ယခုတင်ပြချက်တွင် ရိုဟင်ဂျာတွေ အယ်ခိုက်ဒါနှင့်အဆက်အသွယ် ရှိကြောင်းမြန်မာ့နယ်မြေ တစ်စိပ် တစ်ပိုင်း ကို အရယူ၍နိုင်ငံ ထူထောင်ရန် စီမံကိန်း ရှိတာတွေ ကိုထည့်မပြောတော့ပါ။ ပြောနေ စရာမ လိုတော့သောကြောင့်ဖြစ်သည်။

ဘင်္ဂလားဒက်ရှ် အစိုးရနိုင်ငံခြားရေးဌာနနှင့် ဘင်္ဂလားဒက်ရှင်္မီဒီယာတို့က ယခုကိစ္စ ၏နောက်ခံ အကြောင်းသည် Jamaat -e- Islam လက်ချက်ဖြစ် ကြောင်း ပြောကြသဖြင့် ကြိုတင်ကြံစည်မှုတွေ ပါကြောင်းခိုင်လုံသောလက်ဆုပ်လက်ကိုင်တွေရှိနေပြီ။

ပြီးခဲ့သော အဓိကရုဏ်းတွင် ဘင်္ဂလီခေါ်တောများက တနေရာတွင်လောင်ချာနှင့်ပစ်သည် ဟုခိုင်မာသော သတင်းထွက်လာသည်။ ၀ှက်ထားသော သေနတ် တလက်စ၊နှစ်လက်စနှင့်ပစ်ခြင်းသည် လက်နက် ပုန်း ပြဿနာလောက်သာဖြစ်သည်။ လက်နက်ခဲယမ်းများသေတ္တာလိုက်ဖမ်းမိခြင်း၊ RPG အသုံးပြုခြင်း တို့  ပါဝင်လာသောအခါမူလ immigration issue သည် national security issue အဖြစ်နောက် တဆင့်တက်သွားပြီဖြစ်သည်။

ယခုတဖန် national security issue သည်လူဦးရေဆက်တိုးနေသည်နှင့်အမျှလူသားချင်းစာနာရမည့် မျက်နှာစာဘက် (humanitarian dimension) ပါကြီးထွားလာပြီးပို၍ဖြေရှင်းရခက်လာတော့မည်။

ယ္ခုပင်လှေများဖြင့် ထွက်ပြေးသွားကြသော အမျိုးသမီးနှင့်ခလေးများကို ဘင်္ဂလားဒက်ရှ်ဘက်က လက်မခံဟူသည့်သတင်းကြောင့်ပြဿနာကို ဘယ်ဘက် ကစလိုက်သည်ဆိုသည့်အချက်အား သတင်း ဖတ် ပရိဿတ်ကလျှော့တွက် (discount) တာခံရလာနိုင်သည်။

ဤပြဿနာသည်သက်တမ်းရှည်လာသည်နှင့်အမျှ ‘တရားဝင်သောအရေးဆိုမှုတစ်ခု’ (a legitimate cause) ဖြစ်နေသလိုလို၊ ‘အမျိုးသားလွတ်မြောက်ရေး ကျိုးပမ်းမှု’တစ်ခု (a national liberation movement) လိုလိုကမ္ဘာ့ပရိဿတ်၏အဝေးမြင်တွင် ထင်မြင်လာနိုင်သည်။ ထိုအခါပို၍ရှင်းရခက် လာလိမ့်မည်။ ပြောရမည်ဆိုလျှင်ပြည်ထောင်စု အစိုးရသည်မဝေးကွာလှသေးသော မိမိ၏စစ်အာဏာရှင် အရိပ်မည်းကြောင့် နိုင်ငံတကာက သံသယမျက်လုံး များဖြင့် စောင့်ကြည့် အကဲခပ်နေကြမည်ကို အလေးအနက်ထည့်တွက်နေရပုံရသည်။

၎င်းအပြင် စီးပွားရေးဆန်ရှင်အပြီးတိုင်ရုပ်သိမ်းပေးရေး၊ အကူအညီအထောက်အပံ့တွေရရေး၊ E Visa စသည်ဖြင့် အစွမ်းကုန်ပြင်ဆင်ထားသောသောကမ္ဘာ လှည့်ဧည့်သည်လုပ်ငန်းအောင်မြင်ရေး တို့  သည်မြန်မာနိုင်ငံ၏ဖြစ်တည်ခါစ ပြရုပ်ကောင်း (positive image) ပေါ်တွင်မူတည်နေသည်။ ဤ အချက်များ ကလည်းဦးသိန်းစိန်အစိုးရကိုတုပ်နှောင်ထားသလိုဖြစ်နေပုံရသည်။

သို့သော် ရခိုင်ပြည်သူတွေက မိမိတို့ကို ပြည်ထောင်စုအစိုးရက လုံလောက်သော အကာအကွယ် မပေးနိုင်၊ ပေးချင်စိတ်မရှိဟု ခံစားမိသွားကြလျှင် ပြည်ထောင် စုကြီးပြိုကွဲရေး ကို ရှေးရှုသွား မည့်အချက်ဖြစ်သည်ကိုလည်းဤ cost-benefit analysis ထည်းတွင်ထည့်တွက် သင့်သည်ဟု ယူဆသည်။ 

အခြေအနေမှာ လောလောဆယ်ထိမ်းချုပ်ထားနိုင်သည်ဆိုစေကာမူအချိန်မရွေးပြန်ပေါက်ကွဲမည့်အနေ အထားဖြစ်ကြောင်းယခုရသေ့တောင်တွင်ရခိုင် ၁၁ ဦး ထပ်၍ အသတ်ခံရသည်အဖြစ်ကလှစ်ပြနေသည်။
အဘယ့်ကြောင့်ဆိုသော်၎င်း၏ မူလအကြောင်းတရားက အပွန်းအပဲ့မရှိနဂိုအတိုင်းရှိနေ၍ဖြစ်သည်။ ခိုးဝင်လာသူများက သူတို့သည် တိုင်းရင်းသားတစ်မျိုးဖြစ် ပါသည် ဟုနိုင်ငံတကာမျက်နှာစာ တွင်နှစ်ပေါင်း၂၀ ကျော် lobby လုပ်ထားသည်။ လက်တွေ့ အရလည်းဒီလူတွေမြန်မာ့မြေပေါ် မှာနေလာတာ ဆယ်စုနှစ် ပေါင်းများစွာရှိနေခဲ့သည့်အတွက်နှစ်တွေကြာလေသူတို့ ၏ claim ကိုကမ္ဘာ့ပရိဿတ်ကဟုတ်သယောင်ယောင်ထင်လာနိုင်လေလေဖြစ်မည်။

၎င်းအထင်ကိုမြန်မာအစိုးရက ထိထိရောက်ရောက်မချေဖျက်နိုင်ပါ။ [လ၀က၀န်ကြီးဦးခင်ရီကပြည်တွင်း မီဒီယာ ကိုခရီးသွားဟန်လွှဲ တစ်ခွန်းမျှဖြေယုံမျှဖြင့် မလုံလောက်ပါ။]

ရခိုင်ပြည်တွင်ဒေသခံများ (အထူးသဖြင့်သံဃာတော်များကို)အလစ်ချောင်း၍ တစ်ဦးချင်းလုပ်ကြံ သတ်ဖြတ်ခြင်း၊ မိန်းခလေးများကိုစော်ကားပြီး အလွန်လူ မဆန်သောနည်းများဖြင့် သတ်ဖြတ်ခြင်း တို့ သည်ယခုမှဖြစ်သည်မဟုတ်။ အဓိကရုဏ်းကာလအတွင်းရေတွင်းရေကန်တို့ ကိုအဆိပ်ခပ် သည်ဟူသော သတင်းများကြားရသည်။ 

[ဤအလုပ်မျိုးလုပ်သူများသည်မိမိအလိုကိုမလိုက်သောမိန်းခလေးများ၏မျက်နှာကိုအက်ဆစ်နှင့်ပက်သော
ယဉ်ကျေးမှု အဆင့်အတန်းမှဖြစ်ကြသည်။ မျက်နှာကိုအက်ဆစ်နှင့်ပက်ခံရသောဘင်္ဂလားဒက်ရှ်မှ မိန်းခလေးများအားကနေဒါ၌ ပလပ်စတစ်ဆာဂျရီလုပ် အခမဲ့ဆေးကုပြုပြင်ပေးနေပုံကနေဒီယံ TV Program များတွင်ကြည့်ရဘူးသည်။ အမျိုးတူဘာသာတူများ အပေါ်၌ပင်ကမ်းကုန် အောင်ရက်စက် သူများဖြစ်သည်။

ထိုသို့ ဆိုသဖြင့်ကျွန်ုပ်တို့ သည်ထိုသူများကိုကိုင်တွယ်ရာ၌တန်းတူရည်တူလူမဆန်သောနည်းများဖြင့် လက်တုန့် ပြန်ရမည်ဟုမဆိုလိုပါ။

မကောင်းဆိုးဝါးကိုနှိမ်နင်းရင်းကျွန်ုပ်တို့ ကိုယ်တိုင်မကောင်းဆိုးဝါးများဖြစ်မသွားသင့်။ (In fighting monsters, we ourselves should not become monsters.) သို့ သော်ရှေ့ ဆက်၍ပြော့စိစိ လုပ်နေလို့ လည်းမဖြစ်ပါ။

မြန်မာပြည်တွင်း၌ “ရိုဟင်ဂျာ” ၂ သန်းခန့် အထိရှိနိုင်သည်ဟုအိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ် ၂နိုင်ငံစလုံးက ခန့်  မှန်းသည်။ မြန်မာအာဏာပိုင်များဘက်ကမူ ရှစ်သိန်းဟုခန့် မှန်းသည်။

သူတို့ နှင့်ဒေသခံများပဋိပက္ခဖြစ်တိုင်းတိုင်းပြည်၏အခြားအစိပ်အပိုင်းများနေနှစ်ဘက်ဘာသာတူ အခြား လူများ အကြားမအီမလည်ဖြစ်ရသည်မှာ ဒီတကြိမ်သာ မဟုတ်တော့။

ကိုးကွယ်သော ဘာသာချင်းတူပေမင့်“ရိုဟင်ဂျာ”ဆိုသူတွေနှင့်မြန်မာမူဆလင်တွေယဉ်ကျေးမှုအဆင့် အတန်းချင်းကွာခြားသည်။ မြန်မာမူဆလင်များနှင့် သာမက၊မလေးရှား၊အင်ဒိုနီးရှားတို့ ကဘာသာတူ သူများနှင့်အများကြီးကွာခြားသည်။ ချမ်းသာသောဘရူနိုင်း၊ ဘာရိမ်း၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီ၊ တူရကီတို့ ကိုထည့်ပြောစရာပင်မလို။

[မလေးရှားနိုင်ငံသည် ဘော့စနီးယား၊ ကိုဆိုဗို စသည့်အရှေ့ ဥရောပမှမူဆလင် ဒုက္ခသည်များကိုလျောလျောရှုရှုလက်ခံသည်။ ဘင်္ဂလီများကိုလက်မခံလို။]
ပထမဆုံးလုပ်သင့်သည်မှာလူတွေထပ်ခိုးဝင်မလာနိုင်အောင်ထိထိရောက်ရောက်တားရေးဖြစ်မည်။ လာဘ်စားသောပြည်ထောင်စုအစိုးရ အရာရှိများထက်ပို၍ ၀ံသာနုရက္ခိတဖြစ်မည့်ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်ပေးသင့်သည်။

အိန္ဒိယနိုင်ငံကမူ ခိုးဝင်လာသောဘင်္ဂလီများကိုတံတိုင်းခတ်၍ ဆီးတားယုံမကသေနတ်နှင့် အသေ ပစ်ခတ်၍ တားဆီး (shoot at sight policy) ရာအတော် အတန်ခရီးရောက်သည်။

အိန္ဒိယနှင့်စာလျှင်မြန်မာနှင့်နိုင်ငံတကာ နယ်နမိတ်သည် ၁၇၅ မိုင်သာရှိရာထိုခြံစည်းရိုးကာထား ၍ဖြတ်ကျော်လာသူကို ပစ်ခတ်နည်းကို အတုယူသင့်က ယူရမည်။ တရားမ၀င်ခိုးဝင် လာသူများ ကိုအမေရိကန်ပြည်ထောင်စုမှာပင်ထိုနည်းကိုသုံး၍ တစိပ်တစ်ပိုင်းအားဖြင့်ဖြေရှင်းနေသည်။ Texas, Arizona နှင့် New Mexico ပြည်နယ်များတွင်ဒေသခံ အမေရိကန်လူထုထည်းမှတက်ကြွသူများက Heavy Duty Truck များ high power rifle များသုံး၍ ခိုးဝင်လာသူ မက္ကဆီကန်များ ကိုယ်တိုင်စောင့်ကြပ်ဖမ်းဆီးပေးနေသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်းကျောင်းဆရာများ၊ ကျမ္မာရေးဝန်ထမ်းများ၊ ဆွမ်းခံကြွနေသော ရဟန်းတော်များကို ချောင်းမြောင်းသတ်ဖြတ် နေသော မူဆလင်သူပုန်များအန္တရယ်မှကာကွယ်ရန် ထိုဝန်ထမ်းများကိုလက်နက်တပ်ဆင် ပေးထားသည်။

မြန်မာအစိုးရသည်ပြည်ထောင်စု၏အခြားအစိပ်အပိုင်းများရှိလူမျိုးစုလက်နက်ကိုင်အဖွဲ့  အစည်းများကိုနယ်ခြားစောင့်တပ်ဖွဲ့ များ (Border Guard Forces) ဖွဲ့  ပေး၍လခရိက္ခာများပေးခြင်းလေ့ကျင့်သင် ကြားပေးခြင်းများပြုလုပ်ထားပါသည်။
ယခုထိုတပ်ဖွဲ့မျိုးများ အမှန်တကယ်အရေးတကြီးလိုအပ်နေသည်မှာရခိုင်ပြည်နယ်တွင်ဖြစ်သည်။ ပြည်ထောင်စုအစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေးရထား သော ရခိုင်အဖွဲ့ အစည်းရှိလျှင်လည်းတခြားပြည်နယ် တွေမှာ လိုသူတို့ ကိုဦးစားပေး၍ BGF ဖွဲ့ ပေး၊ လေ့ကျင့်သင်ကြားပေး၊စည်းကမ်းသတ်မှတ်၍ တာဝန်ပေးပါ။
၎င်းအဖွဲ့ များကိုပြည်ထောင်စုအစိုးရကအုပ်ချုပ်နိုင်သော်လည်းပြည်နယ်အစိုးရကလိုအပ်သလို အနီးကပ်ကြီးကြပ်တာဝန်ပေးခွင့်ပြုပါ။ အကြောင်းမှာ ယခုလို အချိန်မျိုးမှာပင်ပြည်မကလာသောလုံခြုံရေးတပ်ဖွဲ့ များသည်တဘက်မှ တန်စိုးလက်ဆောင်များယူနေသည်ဟု ဒေသခံရခိုင်များက စွပ်စွဲနေကြ သည့် အတွက်ဖြစ်သည်။
ရခိုင်တွင် BGF ဖွဲ့ ပေးလျှင် "ရခိုင်တွေလက်ထဲသေနတ်ရောက်သွားပြီးကုလားတွေပစ်သတ်မှာပေါ့" ဟုအပေါ်ယံမတွေးစေလိုပါ။ဤအချက်ကိုကောင်းစွာ သတိပြု၍ပင်လူခိုးဝင်မှုတစ်ခုတည်းကိုတားဆီးရန် ကန့် သတ်တာဝန်ဖြင့်ဖွဲ့ စည်းရန်ကိုဆိုလိုပါသည်။ BGFရခိုင်ပြည်နယ်နေ လူမျိုးမရွေး၊ဘာသာမခွဲခြား အလုပ်နှင့် "သင့်တော်သူ-နိုင်ငံသား" များထည်းမှရွေးချယ်တာဝန်ပေးရန်ဖြစ်သည်။
အကယ်၍ရခိုင်ပြည်နယ်အတွက် BGF အဖွဲ့ များကိုချက်ချင်းမဖွဲ့ နိုင်သေးဘူးဆိုလျှင်လည်း လက်ငင်းလိုအပ်ချက်ကို ဖြေရှင်းရန်ပြည်ထောင်စု ၏အခြား ပြည်နယ်များတွင်ဖွဲ့ စည်းပြီးသား BGF အဖွဲ့ များကိုတနှစ်တန်သည် ၂နှစ်တန်သည်အကူအညီတောင်း၍ပို့ လွှတ်သင့်သည်။ ဥပမာကရင်ပြည်နယ်က DKBA နှင့်ရှမ်း၊ ကချင်ပြည်နယ်များက BGF များ။
အကောင်းဆုံးမှာရှိပြီးသားအခြားပြည်နယ်များ၏ BGF တပ်ဖွဲ့ များမှတစ်ဦးချင်းဖြစ်စေ - တပ်ဖွဲ့ အလိုက်ဖြစ်စေ-စာရင်းပေး/ပူးပေါင်း၍-အရေးပေါ်သဘောဖွဲ့  စည်းကာအချိန်အတိုင်းအတာနှင့်တာဝန် ကိုကန့် သတ်ထားမည့်ပြည်ထောင်စုနယ်ခြားစောင့်တပ်ဖွဲ့ Union Border Guard Forces (UBGF) ကြီးတစ်ခုဖွဲ့ စည်းယူခြင်းဖြစ်မည်။ UBGF သည်နယ်စပ်လုံခြုံရေးကိုသာတာဝန်ယူရန်ဖြစ်သည်။
ဤသို့ ဆိုလျှင်ပြည်ထောင်စုကြီး၏ဘေးရန်အသွယ်သွယ်ကိုကာကွယ်ရန်တိုင်းရင်းသားညီအစ်ကိုတော်များ က၀ိုင်းဝန်း၍တာဝန်ယူကြသည်ဆိုသော နိုင်ငံရေး အနှစ်သာရကို highlight လုပ်ပေးရာလည်းရောက်မည်။
လူပြောများနေသောလ-၀-က၊ န-စ-ကထည်းမှအမျိုးသားရေးကိုသစ္စာဖေါက်၍ကိုယ်ကျိုးရှာနေသော သူများကိုရှင်းလင်းပေးပါ။ ခန္ဓာကိုယ်မှမကောင်းသော ခြေမလက်မများကိုဖြတ်ထုတ်ရန်အချိန်တန်ပါပြီ။
နောက်ဆုံးအားဖြင့်ကျောင်းဆရာ/ဆရာမများ၊ကျမ္မာရေးဝန်ထမ်းများအား ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်များမှာလိုအခြေခံစစ်ပညာသင်ပေးပြီးလက် နက်များ ထုတ်ပေးထားဖို့ ၊သံဃာတော်များခရီးသွားလျှင်လိုက်လံစောင့်ရှောက်ဖို့ လိုအပ်နေပြီ။
ထိုင်းနိုင်ငံတွင် cellphones နှင့်မော်တော်ဆိုင်ကယ်လူတိုင်းမှာရှိကြပြီးဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင်အစိုးရကထိုအရာများကိုပါတပ်ဆင်ပေးသင့်ကပေးရမည်။ မြန်မာနိုင်ငံအတွင်းသို့ ဆယ်စုနှစ်ပေါင်းအတန်ကြာက ပင်ရောက်နေပြီး အခြေတကျဖြစ်နေပြီးသားသူများအတွက် ကားနောက်တမျိုးစီစဉ်ရန်ဖြစ်သည်။ ပထမအချက်အဖြစ်တည်ဆဲ ရခိုင်နှင့်ဘင်္ဂလီလူဦးရေအချိုးအဆလက်ရှိထက်ပို၍ တဘက်စောင်းနင်းမဖြစ်ရန်အစိုးရကထိမ်းညှိပေးပါ။ တလင်တမယား စံနစ်မကျင့်သုံးသော ဘင်္ဂလီတို့ ၏လူဦးရေတိုးနှုံးကရခိုင်ထက်များနေသည်။ ထို့ ကြောင့် UN နှင့်ညှိနှိုင်း၍ ယခုတနည်းတဖုံအားဖြင့်စမ်းသပ်နေသည့်Two children ပေါ်လစီကိုထိထိရောက်ရောက်လုပ်ပေးပါ။
(တရုပ်ပြည်တွင် One Child Policy အောင်မြင်နေသည်။)
မြန်မာပြည်တွင်လူဦးရေ တိုးနှုံးမြင့်အုပ်စုများကို Two Children Policy နည်းဖြင့်ထိမ်းချုပ်မည်ဆိုလျှင်လက္ခံနိုင်ရပေမည်။) လက်တွေ့ နိုင်ငံတကာ စံဖြစ်သောတလင်တမယားစံနစ်ကိုမလိုက်နာသောမိသားစုဖြစ်နေလျှင် Two children ပေါ်လစီသည်ပင်မလုံလောက် ပါ။ ထိုမိသားစုမျိုး (polygamous families) တွင်သားသမီးနှစ်ယောက်ရှိပြီးဖခင်တိုင်းကို bio-engineering (voluntary or enforced neutering) လုပ်ပေးရန်လိုအပ်မည်ဖြစ်သည်။
ဒုတိယအချက်အဖြစ်လက်ရှိခရီးသွားလာခွင့်၊နေရာရွှေ့ ပြောင်းခွင့်ထိမ်းချုပ်ထားသည့်ပုံစံကိုပြောင်းလဲ သင့်သည်။ လက်ရှိပုံစံသည်လာဘ်စား သောအစိုးရ ၀န်ထမ်းယန္တယားကြောင့်အဓိပ္ပါယ်မရှိတော့ပါ။ ၄င်းအစားရခိုင်ရှိဘင်္ဂလီမိသားစုများမှမျိုးဆက်သစ်များ (ခလေး/လူငယ်များ) ကိုပြည်ထောင်စု၏ အခြား ဒေသများရှိဘာသာတူမည်သူမဆိုကမွေးစား၍ပညာသင်ပေးမည်၊ပျိုးထောင်ပေးမည်၊ အစစတာဝန်ယူမည် (sponsorship) ဆိုလျှင်မိဘ/အုပ်ထိမ်းသူ သဘောတူညီချက်ဖြင့်ရွှေ့ ပြောင်းနေ ထိုင်ခွင့်ပေးသင့်သည်။
သို့ မှသာ၎င်းတို့ ၏ပညာရေးနှင့်ယဉ်ကျေးမှုအဆင့်အတန်းသည်ပြည်ထောင်စုတွင်းရှိမြန် မာမူဆလင်များ၏အဆင့်အတန်းနှင့်ညီမျှလာမည်။ အခြားသူများ ကိုအန္တရယ်ပြုမည့်လူဆိုး များဖြစ်လာကြမည့်ဘ၀မျိုးမှလမ်းလွှဲယူနိုင်မည်၊အကြမ်းဖက်သမားတို့ ၏စည်းရုံးရေး သြဇာအောက်မှဆွဲထုတ်နိုင်မည်ဖြစ်သည်။
ဤနည်းများဖြင့်တဖက်တလမ်းကရခိုင်အပေါ်ဘင်္ဂလီလူဦးရေဖိအားလျှော့ပေးရာကျမည်။
တတိယနိုင်ငံများမှအစိုးရများကဒုက္ခသည်များ (refugees) အဖြစ်နှင့်မျှဝေယူလာကြစေရန် လည်းမြန်မာအစိုးရက UNHCR နှင့်ယခုထက်ပို၍ ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။
ရခိုင်ရှိဘင်္ဂလီတွေကိုအကုန်လုံးပြန်မောင်းထုတ်ပစ်ရန်သို့ မဟုတ်လက်စတုံး (ethnic cleansing) ပစ်ရန်မဖြစ်နိုင်။ (immoral) ဤသို့ ဆိုလျှင်၎င်းတို့  ကို တနည်းနည်းဖြင့်နေရာချ(accommodate) ထားမှလက်တွေ့ကျမည်ဖြစ်ပါသည်။ လက်တွေ့ ကျသောအရာတိုင်းသည် အကောင်းဆုံး အရာများ မဟုတ်သော် လည်းမြန်မာနိုင်ငံ အနေဖြင့်ရွေးစရာသိပ်များများမရှိပေ (options are few)။ တစ်ချို့ ဆုံးဖြတ်ချက်များသည် လက်တွေ့ ကျမည်ဖြစ်သော်လည်း လူကြိုက်နည်းမည်ဖြစ်ပါသည်။ ဥပမာလူဦးရေကိုအတင်းကန့်  သတ်ရတာမျိုးသည်လူ့ အခွင့်အရေးအသံကောင်းဟစ်သူများ (Human rights rhetoricians) အတွက်အလုပ်တစ်ခုရစေလိမ့်မည်။
မည်သည့်ခြေလှမ်းကိုမျှမလှမ်းမီဤ သန်းချီ၍ရှိသော လူအုပ်ကြီးကိုတစ်ဦးချင်းစာရင်းကောက်၍ သိုးနှင့်ဆိပ်ခွဲခြား(လူကောင်းနှင့်လူဆိုး)သည့် အလုပ်ကို နိုင်နိုင်နင်းနင်းကြိုတင်လုပ်ထားရလိမ့်မည်။
[ယခုလက်ရှိ လူရှစ်သိန်းအနက်လေးသိန်းကို နိုင်ငံသားစီစစ်ရေးကပ်ပြား ထုတ်ပေးပြီးဖြစ်ကြောင်းသိရသည်။ ကျန်လူများကိုယာယီကပ်ပြား (အဖြူရောင်ကဒ်) ပေးထားပြီး ခရီးသွားလာခွင့်ကန့် သတ်ထားသည်ဟုဆိုသည်။]
လွန်ခဲ့သည့်အပါတ်ကအမေရိကန်ပြည်ထောင်စုတွင် - အိုဘားမားအစိုးရက - မိဘများနှင့်အတူ (ခိုးဝင်၍) ရောက်လာစေကာမူ-အသက်၁၆နှစ် မတိုင်မီက ရောက်တာဖြစ်ပြီး-တဆက်တည်းနေသက် ငါးနှစ်ထက်မနည်းရှိနေသူ-လက်ရှိအသက်သုံးဆယ်အောက်ဖြစ်ကာကျောင်း၊ကောလိပ်၊ တက္ကသိုလ် တစ်ခုခုမှာ ပညာသင်ကြားနေသူ-ရာဇ၀တ်ပြစ်မှုကင်းရှင်းသော-မက္ကဆီကန်လူငယ်များ ကိုအမေရိကန်ပြည်ထောင်စုတွင် ယာယီတရားဝင်ဆက်လက် နေထိုင်ခွင့် အစီအမံတစ်ခုကိုတီထွင်ခဲ့သည်။
ထိုမှတဆင့်အမေရိကန်နိုင်ငံသားဖြစ်လာနိုင်မည့်အစီအစဉ်တစ်ခုဆက်လက်ဖန်တီးပေးရန် လည်းအလားအလာ ရှိသည်။
(အိုဘားမားသည်ရွေးကောက်ပွဲနီးလာသဖြင့်ဦးနုလုပ်ခဲ့သလို election politics လုပ်တာလဲဖြစ်ကောင်းဖြစ်မည်။) ရခိုင်ရောက်ဘင်္ဂလီများကိစ္စတွင် နောက်ဆုံး ပေါ်အမေရိကန်နည်းကို carbon copy ကူးရန် မတိုက်တွန်းပါ။ အမေရိကန်များနှင့်မက္ကဆီကန်များအကြားမှာဘာသာရေးတံတိုင်းမရှိချေ။
မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာနေသလိုမျိုးဖြစ်သည်။သို့သော်ရခိုင်ရှိဘင်္ဂလီတစ်သန်းလောက်က ထိုကဲ့သို့မဟုတ်။ ဘာဘဲဖြစ်ဖြစ်လက်တွေ့ကျကျ ဖြေရှင်း ပစ်သည့် စိတ်ထားကိုအတုယူယူသင့်သည်။
တတိယတင်ပြလိုသည့်အချက်မှာရခိုင်လူငယ်များရခိုင်ပြည်မှာနေကြရန်ဖြစ်သည်။ အလုပ်အကိုင်ရှားပါးမှုကြောင့်မြန်မာနိုင်ငံသားများတိုင်တပါးသို့ ထွက်ခွာ ရာတွင်ရခိုင်လူငယ်များ လည်းအများအပြားပါဝင်သည်။ တခြားပြည်နယ်များ အတွက်ပြဿနာမကြီးလှသော်လည်းရခိုင်ပြည်နယ် တွင်မိမိထက်ပို၍ ဆင်းရဲသောတဘက်နိုင်ငံမှခိုးဝင်လာသူများကိုနေရာဖယ်ပေးသလိုဖြစ်နေသည်။
[ပြည်တွင်း၌အလုပ်အကိုင်ရှားပါးခြင်းသည်စီးပွားရေးပိတ်ဆို့ မှုဆန်ရှင်ကြောင့်လည်းဖြစ်ရာ ‘ဆန်ရှင်နိုင်ငံရေး’သည်ပြဿနာ၏တစိပ်တစ်ပိုင်း (part of the problem)ဖြစ်သည်ကိုပြောမနေတော့ပါ။ ယ္ခုလည်းဆန်ရှင်နောက်တနှစ်ဆက်ရှိနေဦးမည်။]
လူကိုလူတံတိုင်းဖြင့်ကာကွယ်ထားခြင်းထက်အခြားဘာအစီအမံကမှပို၍မထိရောက်။ ကမ္ဘာ့နိုင်ငံအများတွင်မဟာဗျူဟာသဘော (strategic reasons) အရ တိုင်းပြည်၏အချို့သော အစိပ်အပိုင်း၌နေထိုင်သူများကိုအစိုးရကထောက် ပံ့မှုများပံ့ပိုးပေးသည်(subsidies)။ ဥပမာအစ္စရေးတွင် သိမ်းပိုက်ထား သောနယ်မြေများတွင်အခြေချနေထိုင်သူများ၊ ကနေဒါတွင်မြောက်ဘက်ဝင်ရိုးစွန်းနားနီးဒေသများတွင်နေထိုင်သူများ။
[ဤရေခဲပြင်ကြီးအောက်တွင်ရေနံသိုက်ကြီးများရှိသည်။]
ပြည်ထောင်စုအစိုးရဤအချက်ကိုမသိ၊ ဘာမှလုပ်ကိုင်မထားသေးဟုမပြောပါ။ အစိုးရတွင်ဘဏ္ဍာရေးမလုံလောက်သည်ကိုလည်းသိပါသည်။ သို့ သော်အချို့  သောကိစ္စများ သည်စားစရာမရှိသော်လည်းလျော်စရာရှိရမည်။ရခိုင်သည်ပြည်ထောင်စု၏အနောက် တံခါးပေါက်ဖြစ်သည်။ ယခုထိုတံခါးပေါက် ကိုယခင်ကထက်ပိုဂရုစိုက်မှဖြစ်တော့မည်။
ရိုဟင်ဂျာတွေကလွှတ်တော်ထည်းအထိရောက်နေပြီဟု အချို့ ကသတိပေးသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှအရွေးခံကြရသည့် ဘူးသီး တောင်မောင် တောနယ်စပ်မှလွှတ်တော်ကိုယ်စားလှယ်များကိုဆိုလိုသည်။ (သူတို့ အထည်းကတစ်ချို့သည်ဗြိတိသျှဝန်ကြီးချုပ် David Cameron လာတုံး ကသံအမတ်ကြီးအိမ်တွင်တွေ့ ဆုံကာ၊မိမိတို့ ကိုကိုယ် “ရိုဟင်ဂျာ”များအဖြစ်မိတ်ဆက်၍မြန်မာအစိုးရကဖိနှိပ်နေကြောင်း တိုင်တန်းသူများလည်း ပါနေသည် ကိုသတိပြုမိသည်။)
ဤနေရာတွင် အခြားသူများနှင့်မတူသော မိမိ၏အမြင်ကိုတင်ပြလိုပါသည်။ ယခုမြန်မာကလက်ခံထားရသော သူတို့ကိုယ်သူတို့ရိုဟင်ဂျာများဖြစ်သည် တိုင်းရင်းသားတစ်မျိုးပါဟုပြောပြီးသီးသန့် နယ်မြေတစ်ခု (၀လူမျိုးစုအလားတူ)
တောင်းနေတာထက် - သူတို့ တစ်ဦးချင်းစီကမြန်မာနိုင်ငံသားအဖြစ်နှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေကို လိုက်နာပါမည်၊ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိမ်ဆိုကြစေခြင်းကပို၍ကောင်းပါသည်။
လူမျိုး၊ဘာသာမရွေး “ဒီနိုင်ငံမှာမွေးလျှင်” နိုင်ငံသားပြု၍နိုင်ငံသားတာဝန်နှင့် အခွင့်အရေးများ ပေးအပ်သည်မှာကနေ့ ခေတ်အတိုင်းတိုင်း အပြည်ပြည်ကကျင့် သုံးနေသောနိုင်ငံတကာထုံးစံဖြစ်သည်။
ဤနည်းလမ်းများဖြင့် သာတဘက်နိုင်ငံ၏ ပိုင်နက်ကိုနတ်မြစ်၏ ဒီဘက်ကမ်းသို့  တဘက်နိုင်ငံသားတွေကနယ်ချဲ့ လာခြင်းကိုကာကွယ်နိုင်လိမ့်မည်။ “မြေကို တလက္မမျှမပေးဘဲ(ရောက်နေသည့်)လူကိုမွေးစား”လိုက်ခြင်းဟုခေါ် လိုကခေါ်နိုင်မည်ထင်ပါသည်။(adoption and assimilation) သို့ ဖြစ်သောကြောင့်
- လူသစ်များထပ်ဝင်မလာနိုင်အောင် BGF တပ်ဖွဲ့ များသုံး၍တင်းတင်းကျပ်ကျပ်ထိထိရောက်ရောက်တားဆီးခြင်း
- ရှိပြီးသားလူများ၏လူဦးရေတိုးနှုံးကို bio-engineering နည်းဖြင့်ထိမ်းချုပ်ခြင်း
- ခလေးသူငယ်များ/အထူးသဖြင့်ဤတိုင်းပြည်မှာမွေးဖွားသောခလေးများကိုရခိုင်ပြည်နယ်ပြင်ပ မှစေတနာရှင်များ (sponsor) အကူအညီဖြင့် ရခိုင်ပြည် နယ်ပြင်ပသို့ ပြောင်းရွှေ့ ၍ပြုစု ပျိုးထောင်စေကာပညာရေး/ယဉ်ကျေးမှုအဆင့်မြှင့်ပေးခြင်း။ (ရခိုင်များအပေါ်လူဦးရေဖိအားလျှော့စေရန်))
- “အစားထိုး" နိုင်ငံရေးရည်မှန်းချက်ပေးခြင်း - (offering alternative political ambition) ဆိုလိုသည်မှာ “တိုင်းရင်းသား တစ်ခုအဖြစ် အသိအမှတ်ပြုခံရရေး၊ကိုယ်ပိုင်နယ်မြေရရှိရေး”အစား “မြန်မာနိုင်ငံသားများအဖြစ်နှင့်ဖွဲ့ စည်းပုံအခြေခံဥပဒေပါတာဝန်နှင့်အခွင့်အရေး များဘောင်အတွင်း သိမ်းသွင်းခြင်း” (assimilating with Myanmar Muslim community) တို့ လုပ်ရမည်၏ယူဆပါသည်။
ချက်ချင်းအရေးတကြီးဆောင်ရွက်ရန်၂ ချက်မှာရခိုင်ပြည်နယ်တွင်နယ်ခြားစောင့်တပ်ဖွဲ့  (Border Guard Forces)များဖွဲ့ စည်းပေးရန်၊ အုပ်ချုပ်ရေး ၀န်ထမ်းများ သာမက ပညာရေး၊ ကျမ္မာရေးဝန်ထမ်းများ ကိုပါလက်နက်တပ်ဆင်ပေးရန်ဖြစ်ပါသည်။
ကိုလိုနီဘ၀မှာ အမြစ်တွယ်ခဲ့ပြီးလွပ်လပ်ရေးခေတ်နှစ်ပေါင်း ၆၀ ကျော်အ တွင်းနိုင်နင်းအောင်မဖြေရှင်းခဲ့သည့်ပြဿနာကိုယခုအချိန်မှစ၍လက်စသပ် သည် အထိဖြေရှင်းလျှင်ပင်ဆယ်နှစ်လောက်အချိန်ယူကောင်းယူရလိမ့်မည်။
ဘင်္ဂလားဒက်ရှ်အစိုးရထံမှ ယခုထက်ပိုကောင်းသောပူးပေါင်းဆောင်ရွက်မှု ရအောင် မိမိဘက်ကရှိသမျှ အားသာချက်တစ်ခုမကျန်အသုံးချစေချင်သည်။ လက်ရှိတွင်သူတို့ အစိုးရပယောဂမပါတာကိုသက်သေပြနေသည့် အဆင့်မှာဘဲရှိသည်။
မြန်မာသံတော်ဆင့်

9:39 PM | Posted in , | Read More »

Facebook Fan Pages

Who'd You Rather?..!!