|

AFC U-22 ခြေစစ်ပွဲ မြန်မာနှင့်တောင်ကိုရီးယား ဂိုးမရှိသရေကျ

တောင်ကိုရီးယားအသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စုပထမနေရာ တွင်လည်းကောင်း၊ မြန်မာအသင်းက အုပ်စုဒုတိယနေရာတွင် လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိ 

AFC U-22 ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ် အဖြစ် မြန်မာနှင့် တောင်ကိုရီးယားတို့ ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်း ယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေရလဒ်ဖြင့် ပွဲပြီးဆုံး ခဲ့သည်။ 
အုပ်စု(G) တွင် တောင်ကိုရီးယားနှင့် မြန်မာအသင်း
တို့မှာ ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲသရေဖြင့် ရမှတ် ၇ မှတ်စီ ရမှတ်တူရရှိထားပြီး တောင်ကိုရီးယား အသင်းက ဂိုးကွာခြားချက်အသာဖြင့် အုပ်စု ပထမနေရာတွင်လည်းကောင်း၊ မြန်မာအသင်းက အုပ်စုဒုတိယနေရာတွင်လည်းကောင်း အသီးသီး ရပ်တည်လျက်ရှိသည်။

ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် AFC U-22 ခြေစစ်ပွဲ အုပ်စု (G) ၏ အခြားပွဲစဉ်နှစ်ပွဲ ရလဒ်မှာ တရုတ် (တိုင်ပေ) ၂ - ၄ မလေးရှား၊ ဖီလစ်ပိုင် ၀ - ၉ ဗီယက်နမ် ဖြစ်သည်။ မြန်မာအသင်းသည် ဇွန် ၃၀ ရက်တွင် တရုတ်(တိုင်ပေ)နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဇွန် ၃၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် AFC U-22 အုပ်စု (G) ခြေစစ်ပွဲစဉ်များ
  • မြန်မာ vs တရုတ် (တိုင်ပေ)
  • ဗီယက်နမ် vs မလေးရှား
  • ဖီလစ်ပိုင် vs တောင်ကိုရီးယား

Posted by Creator Myanmar on 11:01 PM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

Facebook Fan Pages

Who'd You Rather?..!!