|

ပုံစံခွက်ထဲက သမာရိုးကျပုံစံမျိုးကို မကြိုက်တဲ့ ပုလဲဝင်း

အနုပညာ သက်တမ်း အထိုက် အလျောက် ရှိလာပြီဖြစ်တဲ့ ပုလဲဝင်းက ဇာတ်ကားတွေ ရိုက်တာလည်း များလာပြီ။ ကာရိုက်တာတွေလည်း စုံသလောက် ရှိနေပြီဆိုပေမယ့် ကိုယ့်စိတ်ကြိုက်ရိုက် ဖို့က ဇာတ်ရွေးဖို့က အခွင့်အရေး မပေးသေးပါဘူးလို့ ပွင့်လင်း စွာ ပြောပြလာခဲ့ပါတယ်။ ဒီတော့ သူမရဲ့အဖြေအပေါ် မူတည်ပြီး ဆက်လက်မေး မြန်းကြည့်တော့၊ ပုလဲဝင်းက ယခုလို အဖြေပေးလာခဲ့ပြန် ပါတယ်။

“ပုလဲတို့ အခု ရိုက်နေတယ်ဆိုတာ ပရိုဂျူဆာတွေ၊ ဒါ ရိုက်တာတွေက ကိုယ့် နဲ့ လိုက်ဖက်တယ် ဆို ပြီးလာကမ်း လှမ်းတာ မျိုးတွေပါ။ သူတို့လာပြော တဲ့ သူတို့ချပေးတဲ့ ဇာတ်ရုပ်ကို ကိုယ်ကရှေ့မှာ သရုပ်ဆောင်ခဲ့ဖူး ရင်တောင်မှ၊ ဝတ်ပုံစားပုံကအစ မတူ အောင် ကိုယ့်ဘာသာကိုယ်Changes လုပ်လိုက် တာပေါ့နော်။ ခုနပြောခဲ့သလို ပေါ့။

ကိုယ့်စိတ်ကြိုက်ရိုက်ဖို့က ဇာတ်ရွေး ဖို့က ခုချိန်အထိ အခွင့်အရေးမပေးသေး ပါဘူး။ ဒီတော့ ကိုယ့်ကို ချပေးတဲ့ဇာတ်ရုပ် အပေါ်မူတည်ပြီး၊ ကိုယ်လုပ်နိုင် သလောက် ပေါ့။ တစ်ခုနဲ့ တစ်ခုမတူအောင် ကြိုးစားနေပါ တယ်။ ပုလဲက အနုပညာလောကထဲကို စဝင်တဲ့အချိန်ကနေစပြီးကနေ့အချိန်ထိပေါ့။  နေ့စဉ်၊ အချိန်တိုင်း ပုံစံခွက်ထဲက သမားရိုးကျလုပ်နေတဲ့ ပုံစံမျိုးကိုမကြိုက်ပါဘူး။

ဒါလုပ်ပြီးရင် ဘာလုပ်မလဲ ဆိုတာမျိုးကိုပဲ အမြဲစဉ်းစားပါတယ်။ ပရိသတ်ကို မတူညီတဲ့Taste နဲ့ Changes လုပ်နေ ရတာမျိုးကိုပဲ ပုလဲကနှစ်သက်တယ်။ ခုဆို ပရိသတ်အချို့ သတိထားမိပါလိမ့်မယ်။ အရင် ကဆို ပုလဲကလူငယ်ဆန်လွန်းတဲ့ ဖက်ရှင်ကို ဝတ်တယ်။ ခုအချိန် အခါမှာတော့ ဖက်ရှင် အပြောင်းအလဲအနေနဲ့ Stable ဖြစ်ပြီး ခေတ်မီတဲ့ ဖက်ရှင်တွေကိုပြောင်းလဲ ဝတ်ဖြစ် နေတာပေါ့နော်။

နောင်တစ်ချိန်မှာ ဘယ်လို ဖက်ရှင်မျိုးကို ပြောင်းလဲဝတ်ဖြစ်မလဲဆိုတာ တော့မပြောတတ်သေးပါဘူး။ ဖက်ရှင်ပြောင်း လဲတယ်ဆိုတာက အဲဒီအချိန်အခါနဲ့ ကိုက်ညီ တဲ့ဖက်ရှင်ရယ်၊ အဲဒီ အချိန်အခါမှာဖြစ်ပေါ်တဲ့ စိတ်ခံစားချက်တွေနဲ့ သက်ဆိုင်တယ်လို့ ပုလဲကမြင်ပါတယ်”

BY မန္တလေးအာရုဏ်ဦး အနုပညာဂျာနယ်

Posted by Creator Myanmar on 12:52 AM. Filed under . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

Facebook Fan Pages

Who'd You Rather?..!!