AFC U-22 မြန်မာအသင်း ခြေစစ်ပွဲအောင်ပြီ
“AFC U-22 ခြေစစ်ပွဲ မြန်မာအသင်း အုပ်စုအဆင့်မှတက်ရောက်ကာ ခြေစစ်ပွဲအောင်ပြီ”
AFC U-22 ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်အဖြစ် မလေးရှားနှင့် မြန်မာအသင်းတို့ ယနေ့ညနေ ၆ : ၁၅ က သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်းက ၂-၁ ဖြင့် အနိုင်ရရှိ ကာ အုပ်စု အဆင့်မှ တက်ရောက်ကာ ခြေစစ်ပွဲ
အောင်မြင်သွားခဲ့ပြီဖြစ်သည်။မြန်မာအတွက်အဖွင့် ဂိုးကို ပွဲကစားချိန် ၃၃ မိနစ်တွင် တိုက်စစ်မှူး
ကောင်းစည်သူက သွင်းယူခဲ့ပြီး ပထမပိုင်း အပြီး တွင် မြန်မာ အသင်းက ၁-၀ ဖြင့် ဦးဆောင်နိုင် ခဲ့သည်။ ဒုတိယ ပိုင်း ဆက်လက် ယှဉ်ပြိုင်ကစား ရာ ပွဲကစားချိန် ၅၃ မိနစ် တွင် ကောင်းစည်သူ ကပင် ဒုတိယအနိုင်ဂိုးကို ထပ်မံ သွင်းယူခဲ့သည်။ မလေးရှားအတွက် ချေပဂိုးကို ပွဲကစားချိန် မိနစ် ၉၀ တွင် ပင်နယ်တီမှတစ်ဆင့် သွင်းယူသွားခဲ့ သည်။ ယခုပွဲအနိုင်ရရှိသည့် မြန်မာအသင်းသည် အုပ်စု (G) တွင် ရမှတ် ၁၃ မှတ်ရရှိ သွားခဲ့ပြီး တောင်ကို ရီးယားနှင့် ရမှတ်တူသွားခဲ့သည်။

အုပ်စု (G) တွင် ဂိုးကွာခြားချက်အရ တောင်ကိုရီးယားက အုပ်စုပထမနေရာမှလည်းကောင်း၊ မြန်မာအသင်း က အုပ်စုဒုတိယနေရာမှလည်းကောင်း အုပ်စုအဆင့်မှ အသီးသီး တက်ရောက်ကာ ခြေစစ်ပွဲအောင်မြင် သွားပြီ ဖြစ်သည်။ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု (G) အခြားပွဲစဉ်ရလဒ်များမှာ အောက်ပါအတိုင်းဖြစ် သည်။
တောင်ကိုရီးယား ၂ - ၀ ဗီယက်နမ်
တရုတ် (တိုင်ပေ) ၂ - ၁ ဖီလစ်ပိုင်