အီတလီက ဂျာမနီကို အနိုင်ယူပြီး ယူရို ၂၀၁၂ ဗိုလ်လုပွဲတက်ရောက်
ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စပိန်နှင့် အီတလီ အသင်းတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ဇူလိုင် ၂ ရက် နံနက် ၁း၁၅ တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်
ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်အဖြစ် ဂျာမနီနှင့် အီတလီအသင်းတို့ ယနေ့ ယှဉ်ပြိုင် ကစားခဲ့ရာ အီတလီက ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ အီတလီ အသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် မိနစ် ၂၀ တွင် တိုက်စစ်မှူး ဘာလော့တယ်လီ က ခေါင်းတိုက် သွင်းယူခဲ့သည်။
ပွဲကစားချိန် ၃၆ မိနစ်တွင် ဘာလော့တယ်လီကပင် ဂိုးဧရိယာရှေ့သို့ ဖြတ်တင်ပေးပို့ လိုက် သည့် ဘောလုံးကို လူကျွံဘောထောင်ချောက်မှ ရုန်းထွက်ရယူသွားပြီး အပိုင်ကန်သွင်းယူခဲ့သည်။ ဂျာမနီအတွက် ချေပဂိုးကို နာကျင်အချိန်ပိုတွင် ပင်နယ်တီပြစ်ဒဏ်ဘောမှတစ်ဆင့် အိုဇေးလ်က သွင်းယူခဲ့ခြင်း ဖြစ်သည်။
ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စပိန်နှင့် အီတလီ အသင်းတို့၏ ပွဲစဉ်ကို မြန်မာစံတော်ချိန် ဇူလိုင် ၂ ရက် နံနက် ၁း၁၅ တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ စပိန်နှင့် အီတလီတို့သည့် အုပ်စု (C) တွင် တစ်အုပ်စုတည်းဖြစ်ပြီး အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့စဉ်က တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ ခဲ့သည်။
ဂျာမနီ ၁ - ၂ အီတလီ



