ကစားမည့် ပုံစံနှင့် ပတ်သက်၍ ကြိုတင် မပြောလိုဟု ပတ်ဆောင်ဟွာ ဖွင့်ဟ
မြန်မာ ယူ-၂၂ အသင်း၏ နည်းပြချုပ် ဖြစ်သူ ပတ်ဆောင်ဟွာက တောင်ကိုရီးယားနှင့် ပွဲစဉ် တွင် မည်သည့် ပုံစံဖြင့် ကစားမည် ဆိုသည်အား ကြိုတင် မပြောကြား လိုကြောင်းနှင့် လိုအပ် သည့် ပြင်ဆင်မှု များ ပြုလုပ်နေကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
"ပွဲကို ဘယ်လို ဘယ်ပုံ ချဉ်းကပ်မယ် ဆိုတာကို အခုချိန်မှာ မပြောချင် သေးပါဘူး။ သေချာတာတော့ လိုအပ် တဲ့ ပြင်ဆင်မှုတွေ အကုန်လုံး လုပ်နေပါတယ်။ ပွဲစဉ်တွေက ဆက်တိုက် ဖြစ်နေတော့ အထူး တလည် ပြင်ဆင် ထားတာတော့ မရှိပါဘူး။ အသင်းရဲ့ ကြံ့ခိုင်မှုပိုင်း ကိုပဲ ဦးစားပေး လုပ်ထားပါတယ်" ဟု ပွဲမတိုင်မီ တစ်ရက် အလိုတွင် ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးတွင် ပတ်ဆောင်ဟွာက ဖွင့်ဟ ပြောကြားခဲ့သည်။
အသင်း၏ လေ့ကျင့်ရေးတွင် တွေ့ရသည့် မစ္စတာပတ်
တောင်ကိုရီးယားနှင့် မြန်မာတို့သည် လက်ရှိ ရာနှုန်းပြည့် နိုင်ပွဲ ဆက်နေသည့် အသင်းများဖြစ်ကာ ဇွန်လ ၂၈ရက်နေ့ ပွဲစဉ်တွင် အနိုင်ရသည့် အသင်းသည် ခြေစစ်ပွဲ အောင်မြင်ရန် အခွင့်အလန်း ပိုမို ကောင်းမွန် လာမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်း အနေဖြင့် အဖြူရောင် ဂျာစီအား ၀တ်ဆင် ကစား မည် ဖြစ်ကြောင်းလည်း သိရသည်။
ပွဲကို ဘယ်လို ဘယ်ပုံ ချဉ်းကပ်မယ် ဆိုတာကို အခုချိန်မှာ မပြောချင် သေးပါဘူး။ သေချာတာတော့ လိုအပ် တဲ့ ပြင်ဆင်မှုတွေ အကုန်လုံး လုပ်နေပါတယ်...
