Tablet တစ်လုံး ရရှိစေမည့် စီမံကိန်းကို ထိုင်းအစိုးရ စတင်
Tablet တစ်လုံး ရရှိစေမည့် စီမံကိန်းကို ထိုင်းအစိုးရ စတင်
ထိုင်းနိုင်ငံအတွင်းရှိမူလတန်းပညာသင်ကြားနေကြသောကျောင်းသား၊
ကျောင်းသူများအား တစ်ဦးလျှင် ကိုယ်ပိုင် Tablet တစ်လုံး ရရှိစေရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ထိုင်းအစိုးရက တရားဝင် တရားဝင်  ပြောကြားလိုက်သည်။ လက်ရှိ အာဏာရ ပြူထိုင်းပါတီမှာ ၎င်းတို့၏ ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်ခရီးစဉ်များတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ မူလတန်းကလေးငယ် တစ်ဦးလျှင် Tablet တစ်လုံး အခမဲ့ ရရှိစေရမည်ဖြစ်ကြောင်း ကတိပေး စည်းရုံးခဲ့ဖူးသည်။ ကလေးငယ်များအတွက် Tablet များကို ထိုင်းအစိုးရက တရုတ်ကုမ္ပဏီ Shenzhen ကုမ္ပဏီထံမှ မှာယူ တင်သွင်းသွားမည် ဖြစ်သည်။ ပထမအသုတ်အဖြစ် လာမည့် သြဂုတ်လ ၁၈ ရက်နေ့ တွင် Tablet အလုံးရေ ၄ သိန်းကို သင်္ဘောဖြင့် သယ်ဆောင်ရန်လည်း စာချုပ်ချုပ်ဆို ထားပြီ ဖြစ်သည်။ နှစ်ဖက်တာဝန်ရှိသူများက သဘောတူညီချက်အရ တရုတ်ကုမ္ပဏီ Shenzhen မှာ ထိုင်းနိုင်ငံသို့ Tablet အလုံးရေ ၅ သိန်း ရောင်းချသွားရန် စာချုပ်ချုပ်ဆိုထားသည်။ ထိုင်းအစိုးရ မှာ နိုင်ငံတစ်ဝန်း မူလတန်းပညာ သင်ကြားလျက်ရှိသော ကလေးငယ် ၁ သန်းအား Tablet များ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် ကန်ဒေါ်လာ ၃၂ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း အတိ အလင်း ကြေညာထားသည်။
ကိုကိုအောင်
 Posted by Creator Myanmar 
										 on 1:24 AM. Filed under 
										 
International_News,
Latest_Posts
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
		
										 Posted by Creator Myanmar 
										 on 1:24 AM. Filed under 
										 
International_News,
Latest_Posts
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
										 
 

