ယောက်ျားကို သိန်း ၅၀၀၀ နဲ့ ရောင်းစားခဲ့တဲ့ ဇာတ်ရုပ်နဲ့ အိချောပို
အိချောပို က ကချင်စစ်ဘေးသင့် ပြည်သူများ အတွက် ရန်ပုံငွေပွဲမှာ အငြိမ့်ကပြဖျော်ဖြေခဲ့ပြီး ကိုယ်တတ်နိုင် တဲ့ ဘက်ကနေ ကူညီရတာ ဖြစ်တဲ့ အတွက် ပျော်ရွှင်ကြောင်း ပြောပါတယ်။ အငြိမ့်ကရတာ အခက်အခဲ မရှိပေမယ့် တအား ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တဲ့အတွက် ပြန်တော့သင်ယူရကြောင်း အိချောပိုက ဆို ပါတယ်။ “ဇာတ်ကားကျတော့ မှားနေရင် ချက်ချင်း ပြန်ပြင်လို့ရတယ်။ အငြိမ့်ကရတာကျတော့ ပရိသတ်ရှေ့ မှာ နဖူးတွေ့ဒူးတွေ့ဆိုတော့ အမှားအယွင်း သိပ်မခံဘူး။ ကိုယ့်ဘက်က ရယ်ဒီဖြစ်တဲ့ အထိ ပြင်ဆင် ထားရမယ်လို့ ထင်တယ်။ အတွေ့အကြုံ ရှိပြီးသားဆိုတော့ အကနဲ့ မစိမ်းပါဘူး” လို့ ပြောပါတယ်။
အိချောပိုက ပြင်ဦးလွင်မှာ ဒါရိုက်တာ ညီညီထွန်း လွင်၊ ပြေတီဦးနဲ့ “ယောက်ျားကို ရောင်းစားမယ်” ဆိုတဲ့ ဟာသဇာတ်ကားလေး ရိုက်ကူး ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အိချောပိုက ပိုက်ဆံမက် တဲ့ ကောင် မလေး အဖြစ် သရုပ်ဆောင်ထားပြီး သိန်း ၅၀၀၀ နဲ့ ပြေတီဦးကို ရောင်းစားခဲ့ပြီး နောက်ဆုံးကျမှ သားနဲ့ယောက်ျား ကို ပြန် သတိရပြီး နောင်တရ သွားတဲ့ ဇာတ်လမ်းမျိုး ဖြစ်ခဲ့ကြောင်း၊ ဒီလိုဇာတ်ရုပ် မျိုး တစ်ခါမှ သရုပ်မဆောင် ဖူးတဲ့ ဇာတ်ရုပ်ကြမ်း ကြမ်းနဲ့ ရန်တွေ့ရတာမျိုးကို ခုမှ ပထမဦးဆုံး သရုပ်ဆောင်ဖူးခြင်း ဖြစ်ကြောင်း အိချောပို က ပြော ပါတယ်။ အနုပညာပျိုးခင်းနဲ့ စာချုပ်မချုပ်ခင်က ရိုက်ကူးခဲ့တဲ့ အိချောပိုရဲ့ ဇာတ်ကားတွေ ဆက်တိုက် ထွက်လာသလို ပရိသတ်တွေရဲ့ အားပေးစကားနဲ့ ဝေဖန်လာကြတာတွေလည်း ရှိကြောင်း အိချောပို က ပြောပါတယ်။
မိတ်ကပ်လည်း လိမ်းလေ့လိမ်းထ မရှိသလို မလိမ်းတတ်တာကြောင့် ဇာတ်ကားတွေမှာ မိတ်ကပ်နဲ့ ပတ် သက်ပြီး ဝေဖန်ကြကြောင်းကို အိချောပိုက “အရင်က ဇာတ်ကားတွေတုန်းက ကိုယ့်ဘာသာကိုယ် မိတ်ကပ် စမ်းစမ်းပြီး လိမ်းကြည့်တာပေါ့။ နောက်ပိုင်းတော့ မိတ်ကပ်ဆရာ ခေါ်ဖြစ်တယ်။ နယ်ထွက်ရင်တော့ ကိုယ့် ဘာသာကိုယ် လိမ်းဖြစ်တယ်။ ဒါပေမဲ့ ကိုယ်လိုအပ်တာ သိရပြီဆိုရင် ကိုယ်ပြင်တတ်တာပေါ့” လို့ ပြောပါ တယ်။ အိချောပိုက အနုပညာပျိုးခင်းနဲ့ ဇာတ်ကား ၁၀ ကား ရိုက်ကူးထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင် - BY POPULAR NEWS
 


 Posted by Creator Myanmar 
										 on 12:52 AM. Filed under
		
										 Posted by Creator Myanmar 
										 on 12:52 AM. Filed under