အမည်မသိ ဆီများကို သတိထားပါ တဲ့
အမည်မသိ ဆီများကို သတိထားပါ တဲ့
စားသုံးဆီတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးအရ မစားသုံးသင့်တဲ့ ဆီများ ကို သတိထားဖို့လိုပါတယ် လို့ ဒီကနေ့ သတင်းစာမှာ ရေးထားပါတယ်။
အခု အခါမှာ အသုံးပြုပြီး စားသုံးဆီများကို ပြန်လည် ပုံပြောင်းပြီး ဖြန့်ဖြုးရောင်းချမှုများရှိနေလို့ အခုလို သတိပေးတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ၀င်လာ တဲ့ဆီတွေကို စစ်ဆေးကြည့်ရာမှာ အဲဒီလို တွေ့ရ တာပါ တဲ့။
ရှမ်းပြည်မြောက်ပိုင်း ဆိုတော့ တရုတ်နိုင်ငံဘက်က သွင်းလာတဲ့ ဆီတွေကို ရည်ရွယ်ဟန် တူပါတယ်။
ထိုင်းနိုင်ငံမှာတော့ အပေါ်ပုံမှာ တွေ့ရတဲ့အတိုင်း စားသုံးဆီ ဆိုတာတွေကို အိတ်နဲ့ထုပ်ရောင်းနေပါ တယ်။ တချို့အိတ်တွေက တံဆိပ်ပါသလို တချို့ကတော့ ဘာတံဆိပ်မှ မပါပါဘူး။
သတင်း အဆုံးပိုင်းမှာ အမည်မသိ ဆီများကို သတိထားပါ လို့ ဖော်ပြထားပါတယ်။ တံဆိပ်မပါတဲ့ ဆီများကို ရည်ရွယ်လိုဟန် တူပါတယ်။
တံဆိပ် မပါရင် အရောင်းအ၀ယ် မလုပ်နဲ့၊ ဘယ်တံဆိပ်တွေက စိတ်ချရတယ် ဆိုတဲ့ အခြေအနေကို ဘယ်တော့ ရောက်မယ် ဆိုတာတော့ မသိရပါဘူး။
မြန်မာပြည်ထက် ခေတ်ရှေ့ပြေးပြီး ပြည်သူ့ကျန်းမာရေးကို ဂရုစိုက်တဲ့ ထိုင်းနိုင်ငံမှာတောင် တံဆိပ်မပါ အာမခံချက် မပါတဲ့ ဆီတွေကို ရောင်းချနေကြပါတယ်။
အိမ့်သံစဉ်
 



 Posted by Creator Myanmar 
										 on 3:07 AM. Filed under
		
										 Posted by Creator Myanmar 
										 on 3:07 AM. Filed under