ဒုတိယစီးရီးထွက်ဖို့ စိုင်းပြင်းနေတဲ့ အေသင်ချိုဆွေ
အေသင်ချိုဆွေက ဒုတိယစီးရီး “မောင့်လက်ဖဝါး” ဟု ယာယီပေး ထားပြီး၊ထိုသီချင်းကိုသူမကိုယ်တိုင်ရေးသားထားကြောင်း အေသင် ချိုဆွေ ကပြောသည်
အေသင်ချိုဆွေက သူမ၏ ဒုတိယတေးအယ်လ်ဘမ် ကို အောက်တို ဘာလတွင် ထွက်ရှိနိုင်ရန် စီစဉ်နေပြီး ထွက်ရှိပြီးသော အမှတ်တရ စီးရီးဖြစ်သည့် “အနီးဆုံးလူ..နမ်းပါ” ဗီစီဒီကိုမူ လတ်တလော ထွက် ရှိနိုင်ခြင်း မရှိသေးကြောင်း အေသင်ချိုဆွေကပြောသည်။
အေသင်ချိုဆွေက ဒုတိယစီးရီး “မောင့်လက်ဖဝါး” ဟု ယာယီပေး ထားပြီး၊ထိုသီချင်းကို သူမကိုယ်တိုင်ရေးသားထားကြောင်း အသင်ချိုဆွေကပြောသည်။ “အဲဒီ့စီးရီးမှာ Featuring ကို J-me၊ ကြက်ဖတို့၊ တေးရေး R-Ti၊ J-me၊ ကြက်ဖရယ်၊ သြရသရယ်၊ မင်းကို၊ အေသင် နှစ်ပုဒ်ရေးထားတယ်။ “မောင့်လက်ဖဝါး”ဆိုတာက မသေချာသေးဘူး။ အဲဒီ Title က ယာယီပေးလိုက်တာပါ။ တကယ်တမ်း ထွက်လာရင် အဲဒီ့နာမည် ဟုတ်ချင်မှ ဟုတ်မယ်။ ရွေးနေ တာလည်းရှိတယ်။ ကိုကြက်ဖနဲ့လုပ်ထားတဲ့ သီချင်းပုံစံလေးက နည်းနည်းဆန်းတယ်။ ကိုသြရသနဲ့ ကျတော့ အရင်ပုံစံမျိုးလေးတွေပါပဲ”ဟု အေသင်ချိုဆွေကပြောသည်။ လတ်တလော အနုပညာလှုပ်ရှားမှု အနေနှင့် လူမင်း၊ ရဲအောင်၊ နန္ဒတို့နှင့် ဗီဒီယိုဇာတ်ကား ရိုက်ကူး ထားကြောင်း အေသင်ချိုဆွေ ကပြောသည်။
Credit: ကြူကြူဟန် (7Day News Journal)

