ဒေါ်အောင်ဆန်းစုကြည် အော်စလို ဆွေးနွေးပွဲတွင် ( ရိုဟင်ဂျာများ ရှိ/မရှိ )
![]() |
| အော်စလိုမြို့ ဆွေးနွေးပွဲမတိုင်မီ |
အဆိုပါသတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတင်းထောက်များ ၏ မေးခွန်းများ ကို ဖြေကြားရာတွင် ရိုဟင်ဂျာများအနေဖြင့် မြန်မာနိုင်ငံသားများ ဖြစ်လာဖွယ် ရှိ၊ မရှိ ဆိုသည့်မေးခွန်း ကိုလည်း ဖြေကြားခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ''ရှင်ပြောတဲ့ ရိုဟင်ဂျာဆိုတာ ကျမ မသိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။ ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆို သလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။ ရိုဟင်ဂျာ ဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ မကြာသေးခင် ကမှ ရောက် လာသူတွေလို့ တချို့က ပြောဆိုကြတယ်။ ဒါပေမယ့်လို့ ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း သူတို့နိုင်ငံသားတွေ မဟုတ်ဘူး လို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့ကို ဒုက္ခသည်အနေနဲ့ မလိုချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မဟုတ်ဘူး။ မြန်မာနိုင်ငံကနေ လာတယ်ဆိုပြီး။ အဲဒီတော့ ကျွန်မတို့ ဒါကို ဘယ်လို ဖြေရှင်းကြမလဲ။ တရားဥပဒေ စိုးမိုးမှု မရှိဘဲ၊ မှန်ကန်တဲ့ လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းစဉ် မရှိဘဲ၊ မှန်ကန်တဲ့ မူဝါဒမရှိဘဲ၊ မှန်ကန်တဲ့ တရားဥပဒေ အကောင် အထည်ဖော်မှု မရှိဘဲနဲ့။ ဒါကြောင့် ဒီပြဿနာရဲ့ အခြေခံအကြောင်းရင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများ စွာကတည်းက ရှိခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုပြဿနာပဲ။ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုကြောင့်တော့ မဟုတ်ဘူး''ဟု ပြန် လည်ဖြေကြား ခဲ့သည်။
သတင်းစာရှင်းလင်းပွဲ မတိုင်ခင် ပြုလုပ်ခဲ့သည့် အော်စလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ၊ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့ အဆိုတော် ဘိုနို၊ ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့လည်း တက်ရောက် ခဲ့ကြောင်း သိရသည်။
အော်စလိုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တက်ရောက်လာသူ ၁၀၀ ခန့်က မြန်မာ၊ အီဂျစ်၊ တူနီးရှားနှင့် လစ်ဗျားနိုင်ငံများတွင် ကြုံတွေ့နေသည့် အကူးအပြောင်း လုပ်ငန်းစဉ်များ၊ အာဖဂန်နစ္စတန်၊ အရှေ့ အလယ်ပိုင်း ပဋိပက္ခ အခြေအနေများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် လူသားချင်း စာနာထောက် ထားမှု အကူအညီပေးရေး စသည့် အကြောင်းအရာများကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

