ရသေ့တောင်တွင် ရခိုင်တိုင်းရင်းသား (၁၁)ဦးအသတ်ခံရ
ရသေ့တောင်တွင် ရခိုင်တိုင်းရင်းသား (၁၁)ဦးအသတ်ခံရ
ရန်ကုန်၊ ဇွန် ၁၉ - The Voice Weekly
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ရက်နေ့က ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုကြောင့်
ရခိုင်တိုင်းရင်းသား ၁၁ ဦး အသတ်ခံရပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကူတောင်ကျေး ရွှာ ဒေသခံများကို ဆက်သွယ်မေးမြန်းချက်အရ သိရှိ ရသည်။
ဘင်္ဂါလီများ နေထိုင်ရာ အနောက်ပြင်ကျေးရွှာမှ ဆူပူ အကြမ်းသူများသည် ဇွန်လ ၁၉ရက်နေ့ (ယနေ့) နံနက် ၅နာရီခန့်တွင် ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ကူတောင်ကျေးရွှာကို ၀င်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့ဖျက်ဆီးသူများကို ပြန်လည် နှိမ်နှင်းရာမှ ရခိုင်တိုင်းရင်းသားများ အနောက်ပြင် ကျေးရွှာနား သို့ အရောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရသေ့တောင်မြို့ ဒေသခံများက ပြောကြားသည်။
“မီးတိုက်တဲ့သူတွေကို ရွှာသားတွေက လိုက်ထုတ်ကြတယ်။ လိုက်ရင်းနဲ့ အနောက်ပြင် ရွှာအနားရောက်
တော့ ဘင်္ဂါလီ တွေ လူစုပြီးစောင့်နေတယ်။ အဲဒီမှာ အသတ်ခံရတာ။ ထောင်ချောက်ဆင်ထား တဲ့ပုံစံပဲ“ ဟု ကူတောင်ကျေးရွှာ ဒေသခံ တစ်ဦးက ရှင်းပြသည်။
“သေသွားတဲ့ အလောင်းတွေကို ပြန်ပေးဖို့ စစ်တပ်က ပြန်တောင်းနေတယ်။ ဘင်္ဂါလီတွေက မပေးဘူး“ ဟု ကူတောင် ကျေးရွှာမှ ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ သေဆုံးသူများထဲတွင် ကျောင်းဆရာနှစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ စာရေးမတစ်ဦး တပ်မတော်သား အငြီမ်း စားတစ်ဦး ပါဝင်ကြောင်း ကူတောင်ကျေးရွှာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဇွန်လ ၁၉ရက်နေ့ ညနေ လေးနာရီများတွင် ဆက်သွယ်မေးမြန်းချက်များ အရ ရသေ့တောင်မြို့နယ်မှ တပ်မတောင်သား၃၀ကျော်ဝင်ရောက်ထိန်းသိမ်းနေကြောင်းကူတောင် ကျေးရွှာ ဒေသခံများက ပြောကြားသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice Weekly က ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသတင်းပြန်ကြားအဖွဲ့များသို့ဆက်သွယ်ခဲ့သော် လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများကြောင့် လူ ၅၀ဦးသေဆုံးပြီး ၅၈ဦး ဒဏ်ရာရရှိကာ နေအိမ်နှင့် အဆောက် အအုံ ၂၅၀၀ကျော် ပျက်စီးဆုံးရှုံးသွားကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဇွန်လ ၁၅ ရက်နေ့က တရားဝင်ထုတ် ပြန်ထားသည်။
