|

7th July မှာ ခံစားမိဆုံး သီချင်းတပုဒ် ..


တေးရေး လူမောင် - ဆေး ၁ သီကုံးထားတဲ့ တေးသီချင်းတပုဒ်ပါ။
မှတ်မိသလောက်ဆိုရင် ဒီသီချင်း ကို တေးရေးဆရာက ၁၉၈၈ နောက်ပိုင်းမှာ ရေးသားခဲ့တာပါ ... သမိုင်းကြောင်းမမေ့တဲ့ သူတွေ အနေနဲ့  တေးရေးဆရာရဲ့ ရင်ထဲ ထိုးဖောက်ကြည့်လို့ ရတဲ့ သီချင်း တပုဒ်ပေါ့ ... ပုံဖေါ်ထားတာတွေကလဲ တက္ကသိုလ် မြကျွန်းညိုပုံတွေနဲ့  ဆိုတော့ တေးသံရှင် မီမီဝင်းဖေ ခံစားချက်အပြည့်နဲ့  သီဆိုထားတဲ့ ဒီသီချင်းလေး ဒီနေ့  ဇူလိုင် ၇ ရက်မှာ သတိတရ ပြန်လည် မျှဝေ ပါရစေ ...


ကန်ရေပြင်မြေနီလမ်း တို့ နဲ့ ဝေး
စွယ်တော်ခုံပြာတန်း တို့ နဲ့ ဝေး
ယုံပါကွာ အချစ်ဆုံးမင်းကို သတိရနေမှာပါ --

အိမ်ပြန်ချိန်တို့ ခွဲ တလမ်းစီမို့ 
ပြန်လည်ဆုံစည်းကြနိုင်ဘို့ 
ကံကိုသာမျှော်လင့်ရင်း အဝေးက တို့  သတိရနေမှာပါ --

လိုင်ဘရီလေးလည်း တို့ နဲ့ ဝေး
RC လေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့  ကျတဲ့မျက်ရည်
ဂျပ်ဆင်အိုလေး ဘယ်မမေ့ဘူး

ကြင်နာသူတွေရဲ့  ကံ့ကော်တန်း
ခြေရာထင်ကျန်ဆဲ အဓိပတိလမ်း
ရင်မှာ သံမှိုစွဲ နှလုံးအိမ်ထဲ သတိရနေမှာပါ ---

လိုင်ဘရီလေးလည်း တို့ နဲ့ ဝေး
RC လေးလည်း သတိရမိတယ်
ရင်မှာလွမ်းလို့  ကျတဲ့မျက်ရည်
သစ်ပုပ်ပင်လည်း အဝေးဆုံးဝေးးးးးးးးးးးးးး

Posted by Creator Myanmar on 9:01 PM. Filed under , . You can follow any responses to this entry through the RSS 2.0. Feel free to leave a response

Facebook Fan Pages

Who'd You Rather?..!!