ပရဟိတစာသင်တိုက်သို ဒေါ်အောင်ဆန်းစုကြည်လှူဒါန်း
ပရဟိတစာသင်တိုက်သို့ ရေသန့်စက်နှင့် ပညာရေးထောက်ပံငွေများ ဒေါ်အောင်ဆန်းစုကြည်လှူဒါန်း
အောင်ဇမူပရဟိတ စာသင်တိုက်သို့ ရေသန့်စက်နှင့် ပညာရေးထောက်ပံငွေများ ဒေါ်အောင်ဆန်းစုကြည် မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း အဆိုပါကျောင်းတိုက်မှ ဆရာတော် ဦးကေတုမာလက မိန့်ကြားသည်။
ရေသန့်စက်၏ တန်ဖိုးမှကျပ်သိန်း(၁၅၀)ရှိပြီး ပညာရေးကဏ္ဍတွင် ဆရာ၊ဆရာမများအတွက် လစဉ်
ထောက်ပံငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ဆရာတော်ကမိန့်ကြားသည်။
အဆိုပါ ကျောင်းမှ ဘုန်းတော် ကြီးကျောင်းနှင့်
အောင်ဇမူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ တွဲဖက် ဖွင့်လှစ်ထားပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ မူကြိုအဆင့်မှ အထက်တန်း အဆင့်အထိ သင်ကြားပေးပြီး၊ ယင်းအပြင် အတက် ပညာရပ်နှင့် ပတ်သတ်၍ ကွန်ပြူတာ သင်တန်း အခြေခံ ဆေးဝါး ကျွမ်းကျင်သင်တန်း၊ စက်ချူပ်သင်တန်း၊ စက်ပိုင်းနှင့် အီလက် ထရွန်းနစ် ပြုပြင်ခြင်းများကို သင်ကြား ပေးနေခြင်းဖြစ်သည်။“သင်တန်းက သုံးခုလောက်ပဲဖွင့်နိုင်သေးတယ်။ စက်ပိုင်းနဲ့ အီလက်ထရွန်းနစ်ပိုင်းမှာတော့ မဖွင့်နိုင်သေး ဘူး” ဟုဆရာတော်ကမိန့်ကြားသည်။
အောင်ဇမူပရဟိတစာသင်တိုက်မှ ကော့မှူးမြို့နယ် ကားလမ်းနဘေး ဆင်ခြံကျေးရွာတွင် တည်ရှိသည်။
Ref: => http://www.themyanmarpost.com/?p=12288
ဇော်မင်းနိုင်

