၂၀၁၃ဆီးဂိမ်းအတွက် ပြင်ဆင်သွားမည်
ယူ-၂၂အသင်းကိုအခြေခံ၍ ၂၀၁၃ဆီးဂိမ်းအတွက် ပြင်ဆင်သွားမည်ဟု မြန်မာနည်းပြပြောကြား
အာရှယူ-၂၂ ပြိုင်ပွဲတွင် နောက်တစ်ဆင့်သို့တက်ရောက်သွားသည့် အသင်းအား အခြေခံကာ ၂၀၁၃ ဆီးဂိမ်း အတွက်ပြင်ဆင်သွားမည်ဟု မြန်မာအသင်းနည်းပြ ပတ်ဆောင်ဟွာကပြောကြားသည်။ “ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်က ၂၀၁၃ ဆီးဂိမ်းမှာ အောင်မြင်မှုရရှိဖို့အတွက်ပါ။ ယူ-၂၂အသင်းကို အခြေခံ ပြီး  ပြင်ဆင်သွားမှာပါ။ ဒီနေ့ပွဲစဉ်မှာ ကျော်ကိုကိုမပါဝင်နိုင်လို့ တိုက်စစ်ပိုင်းအတွက် စိတ်ပူခဲ့ပေ မယ့်  ကောင်းစည်သူက ခြေစွမ်းပြဂိုးနှစ်ဂိုး သွင်းပေးခဲ့ပါတယ်။ ကစားသမားအားလုံး ကြိုးစားလို့ အနိုင်ရရှိခဲ့ တာပါ။
ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု  မြန်မာအသင်းနည်းပြ ကိုရီယားလူမျိုး ပတ်ဆောင် ဟွာက မလေးရှား-မြန်မာပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မလေးရှား နည်းပြ က မြန်မာအသင်းတွင် သက်ကျော်ကစားသမားအချို့ ပါဝင်ကြောင်း ကြားသိထားရ သည် ဟု  ပြောကြားချက် အပေါ်တွင်မူ ယခုပြိုင်ပွဲက ၂၂နှစ်အောက် သတ်မှတ်ထားတဲ့ပြိုင်ပွဲဖြစ်ပြီး ၄င်း အနေဖြင့် တိတိကျကျမ သိကြောင်း ပတ်ဆောင်ဟွာက ဖြေကြားခဲ့သည်။
ရန်ကုန်တွင်ကျင်းပခဲ့သည့် အာရှယူ-၂၂ အုပ်စု(ဆ) ခြေစစ်ပွဲစဉ်များ ယနေ့ပြီးဆုံးသွား ပြီဖြစ် ရာ တောင် ကိုရီးယားအသင်းက ရမှတ်(၁၃)မှတ်ဖြင့် အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင် သွား ခဲ့ပြီး၊ မြန်မာ အသင်းက ရမှတ်(၁၃)မှတ်ရရှိခဲ့သော်လည်း ဂိုကွားခြားအရ အုပ်စုဒုတိယနေ ရာမှ ခြေစစ်ပွဲအောင် သွားခဲ့သည်။
မြန်မာအသင်းသည် အာဆီယံနိုင်ငံများတွင် ပထမဆုံး ခြေစစ်ပွဲအောင်မြင်သည့် အသင်းတစ် သင်းဖြစ်လာ သည်။
 Posted by Creator Myanmar 
										 on 11:31 PM. Filed under 
										 
Sport_News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
		
										 Posted by Creator Myanmar 
										 on 11:31 PM. Filed under 
										 
Sport_News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
										 
 

