ဂျက်ကီချန်း မြန်မာနိုင်ငံလာမည်
ကမ္ဘာ ကျော် အက်ရှင်၊ ဟာသမင်းသား၊ United Nations Children's Fund (UNICEF) ၏ သံတမန်ဖြစ်သူ ဂျက်ကီချန်း သည် လာမည့် ဇူလိုင် ၅ ရက်မှ ၈ ရက်အထိ သုံးရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ကိုယ်ပိုင်လေ ယာဉ်ဖြင့် လာရောက်မည် ဖြစ် ကြောင်း သတင်း ရရိုသည်။
အသက် ၅၈ နှစ် အရွယ် ကမ္ဘာကျော်တရုတ် (ဟောင်ကောင်) မင်းသားမြန်မာနိုင်ငံသို့ လာ ရောက်ခြင်း၏ အဓိက အကြောင်းရင်းမှာ လူကုန်ကူးခံခဲ့ရသော ကလေးငယ်များ၊ နှင့် တွေ့ဆုံအားပေးရန်၊ လူကုန်ကူး ခံနေရသော ကလေးငယ်များ အရေး ဆောင်ရွက်နေသူများ နှင့် တွေ့ဆုံဆွေးနွေး ရန်ြဖစ်သည်။ ဂျက်ကီချန်း ၏ မြန်မာနိုင်ငံခရီးစဉ်ကို ယူနီဆက်ဖ် ( ကုလသ မဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့-Unicef ) က စီစဉ်ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံပီကင်းမြို့မှ မန္တလေး မြို့သို့ ဇူလိုင် ၅ ရက်တွင် ကိုယ်ပိုင်လေယာဥြ်ဖင့် လာမည်ြဖစ်ကာ၊ ထိုညနေတွင် မန္တလေးတောင်နှင့်မြို့ပတ် ဝန်းကျင် ရှုခင်းများကို လိုက်လံကြည့်ရှုမည်ဖြစ်သည်။ မန္တလေးမြို့ ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့သို့လည်း သွားရောက် မည်ဖြစ်ကာ ဇူလိုင် ၆ ရက်တွင် အဓိကအစီအစဉ်ဖြစ်သော လူကုန်ကူးခံရသည့် ကလေးငယ်များ၊ ကလေးငယ်အခွင့် အရေးဆောင်ရွက်နေ သူများ နှင့် တွေ့ဆုံဆွေး နွေးအားပေးမည်ြဖစ်သည်။
ဇူလိုင် ၇ ရက်တွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့လာပြီး လူကုန် ကူးခံရသောကလေးငယ်များ၊ ကလေးငယ် အခွင့် အရေး ဆောင် ရွက်နေသူများနှင့်တွေ့ဆုံမည်ဖြစ်သည်။ ရန်ကုန်တွင် သတင်း စာရှင်းလင်း ပွဲပြုလုပ် မည်ဖြစ်ပြီး ထိုညနေ တွင် ဆီဒိုးနားဟိုတယ် ၌ မြန်မာ သရုပ်ဆောင်များ၊ လူမှုရေးဆောင်ရွက် နေသော အသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ အစိုးရမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံ ညစာစားမည်ဖြစ်သည်။
ဂျကက် ချန်းနှင့် တွေ့ဆုံမည့် မြန်မာ့သရုပ်ဆောင်များထဲတွင် ဇင်ဝိုင်း၊ လူမင်း၊ ပြေတီဦး၊ နေထက်လင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ၊ ဝတ်မှုန်ရွှေရည် စသော သရုပ်ဆောင်များ ပါဝင်ကြောင်း ဖိတ်ကြားခံထားရသောသရုပ်ဆောင်များက ပြောသည်။ယူနီဆက်က သရုပ်ဆောင်များကို တိုက်ရိုက်ဖိတ်ကြားခြင်းဖြစ်ြပီး ဂျက်ကီးချန်းမှာ သရုပ်ဆောင် ဖြစ်၍ သရုပ်ဆောင်များကိုသာ အဓိကဖိတ် ကြားခြင်းဖြစ်နိုင်ကြောင်း အကယ် ဒမီ လူမင်းက ပြောသည်။
ထိုညနေတွင် ဂျက်ကီချန်းမှာ မြန်မာသိုင်းပညာရှင်များနှင့်တွေ့ဆုံရန်စီစဉ်ထားကြောင်း သတင်းရရှိသည်။ ၂၀၁၁ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာအရ ၂၀၁၂ တွင် လူကုန်ကူးခံရသူ ၂၆၅ ဦးရှိရာတွင် ကလေး ၆၁ ဦးပါဝင်ပြီး၊ စုစုပေါင်း ၂၃ ရာခိုင်နှုန်းရှိသည်။ ဂျက်ကီချန်းအတွက် ယခုခရီးစဉ်မှာ မြန်မာနိုင်ငံ သို့ ပထမဆုံး အကြိမ်လာရောက်ြခင်း ဖြစ်ြပီး ၊၄င်းကိုယ်တိုင်က မြန်မာနိုင်ငံသို့ လာရောက်ရန် စိတ်အားထက်သန်၍ခရီးစဉ်ဖြစ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၈ ရက်တွင် ရန်ကုန် မှ ဟောင်ကောင် သို့ ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်မည်ဖြစ်သည်။ ဂျက်ကီးချန်း မှာ သူရုပ်ဆောင်ခြင်းအပြင် ဒါရိုက်တာ၊ ထုတ်လုပ်သ၊ူ ဇာတ်ညွှန်းရေးသ၊ူ ကိုယ်ခံပညာရှင်၊ တေးဆိုသော အနုပညာနှင့်ပတ်သက်၍ ဘက်စုံလုပ်ကိုင်သူ ဖြစ်သည်။ ၄င်းတွက် အသက် ၂၀အရွယ် ဂျေစီချန်းဟူသော သားတစ်ဦးရှိသည်။ ၁၉၉၈ခုနှစ်တွင် ၄င်း၏ အမည်ဖြင့် ဖောင်ဒေးရှင်းတည်ထောင်ထားပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။
MTV ရုပ်ရှင်ထူးချွန်ဆုကို Rush Hour, Rush Hour2 ဇာတ်ကားဖြင့်လည်း ကောင်း MTV သက်တာထူးချွန်ဆု၊ MTV အာရှဆု၊ ရွှေမြင်း ရုပ်ရှင်ထူးချွန်ဆုကို Police Story, Crime Story တို့ ဖြင့်လည်းကောင်း၊ Golden Rooster Awards အကောင်းဆုံးသရုပ်ဆောင်မင်းသား ဆုကို New Police Story ဖြင့် လည်းကောင်း၊ ဟောင်ကောင် ရုပ်ရှင်ထူးချွန်ဆုသုံးဆုနှင့် အခြားသော ရုပ်ရှင်ထူးချွန်ဆုများစွာ ရရှိထား သည်။
ဟောလိဝုဒ်၏ ကျော်ကြားသူများ ၏လျှောက်လမ်းတွင် ကြယ်တစ်ပွင့်ချခွင့်ရခဲ့သည်။ ၂၀ဝ၉ ခုနှစ် ကိုလံဘီ ယာ တက္ကသိုလ် ၏ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။ ဂျက်ကီချန်းမှာ တရုတ် စကားအပြင် အင်္ဂလိပ်စကားကောင်းစွာ ပြောတတ်ပြီး ဂျာမန်၊ ကိုရီးယား၊ ဂျပနစ် ကားလည်း ပြောတတ်ကာ စပိန်စကား အနည်းငယ်ပြောတတ်သည်။


