ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ELEVEN Media Group , 3June 2012 —- ဥရောပခရီးစဉ် သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၃ ရက်နေ့ (ယနေ့) နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် စတင်ပြုလုပ်ခဲ့ပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှင်း လင်းပြောကြားခဲ့သည်။ ယခုအခါ အဆိုပါ သတင်းစာ ရှင်းလင်းပွဲ ပြီးစီးသွားပြီဖြစ် ကာ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်တွင်း ၌ မည်သည့် ဥပဒေများ တင်သွင်းဆွေးနွေး အကောင်အထည် ဖော်မည် ဆိုခြင်းထက် ဥပဒေပြုသည့် နည်းစနစ်များ ပွင့်လင်းမြင် သာမှုရှိရန်မှာ ပိုမိုအရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဇူလိုင်လ ၂ရက်နေ့က ညနေ ၆ နာရီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်း သားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုပြုံးချိုတို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရပါသည်။
“ကျွန်တော်တို့ တွေ့ဆုံမှုက ပေါ့ပေါ့ပါးပါးပါပဲ။ သူခရီးသွားနေတုန်း ကျွန်တော်တို့ လုပ်ခဲ့တဲ့ အလုပ်တွေ အကြောင်းနဲ့ ရှေ့ဆက်လုပ်မယ့် ကိစ္စလေးတွေ ပြောဖြစ်ခဲ့ကြပါ တယ်”ဟု ၈၈ မျိုးဆက်ကျောင်း သားအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။


