အကျဉ်းသား (၈၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်
နိုင်ငံသားနှင့် နိုင်ငံခြားသားအကျဉ်းသား (၈၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြည်နင် ဒဏ်ပေး
မြစ်မခမီဒီယာ —နိုင်ငံတော်မှ နိုင်ငံသား အကျဉ်း သား (၄၆)ဦးနှင့် နိုင်ငံခြားသား အကျဉ်း သား(၃၄) ဦး အား ဇူလိုင်လ (၃)ရက်နေ့မှ စ၍ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြည်နှင် ဒဏ်ခွင့်ပြုပေး ခဲ့ကြောင်း 
နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာ ချက်များအရ သိရှိရသည်။
နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်း မှုဖော်ဆောင်ရေးအတွက် အမျိုးသားပြန်လည် စည်းလုံး ညီညွှတ်ရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ် များတွင် အားလုံးပါဝင်ခွင့်ရရှိနိုင်ရေး၊ လူသားချင်းစာနာထောက် ထားမှုနှင့်နိုင်ငံ၏ စေတနာ ကိုနားလည် ၍ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ပါဝင်စေရန် အကျဉ်းထောင် အသီးသီးမှ နိုင်ငံသားအကျဉ်း သား(၃၇)ဦး၊ နိုင်ငံသား အကျဉ်းသူ (၉)ဦးစုစုပေါင်း(၄၆)ဦးအား ဇူလိုင် လ(၃)ရက်နေ့မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လောက်လွတ်လဲ၊ဘယ်ကနေ လွတ်လဲဆိုတာ အရေအတွက် အတိအကျမသိရသေးဘူး”ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုထွန်းကြည်ကဆိုသည်။
လွှတ်မြောက်ရန်ပါဝင်သူများတွင် ပြည်ထောင်မှ ၁၇/(၁) ပုဒ်မအမှုဖြင့် ကျခံနေရသော ကိုပြည့်ဖြိုးအောင် ၊မြင်းခြံထောင်မှ   ဒေါက်တာကျော်ကျော်၊ သရက်မှ ကိုသန့်ဇော် တို့လွတ်မြောက် ရာတွင် ပါဝင်ကြောင်း ကိုလည်း သိရသည်။
အဆိုပါလွတ်မြောက်မှုတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ မိတ်မပျက်ဆက်ဆံနိုင်ရေး လူမှုရေးအရ ငဲ့ညှာသော အားဖြင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦးတို့ကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။
လွတ်ငြိမ်းချမ်းသာခွင့် နှင့်ပြည်နှင် ဒဏ်ပေးမှုများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၄/က နှင့် အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(က)အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
Ref: =>> http://www.myanmarnewshub.com/?p=27825
 Posted by Creator Myanmar 
										 on 10:51 PM. Filed under 
										 
Local_News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
		
										 Posted by Creator Myanmar 
										 on 10:51 PM. Filed under 
										 
Local_News
.
										 You can follow any responses to this entry through the RSS 2.0.
										 Feel free to leave a response
										 
 

