ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေ စာရင်းဖွင့်နိုင်ပြီ
အစိုးရနှင့်ပတ်သက်သော လုပ်ငန်းလေးမျိုးမှလွဲ၍ ကျန်လုပ်ငန်းများ ပုဂ္ဂလိကဘဏ်များ တွင် နိုင်ငံခြားငွေ စာရင်းဖွင့်နိုင်ပြီ
အစိုးရနှင့်ပတ်သက်သောလုပ်ငန်းလေးမျိုးမှလွဲ၍ ကျန်လုပ်ငန်းများ ပုဂ္ဂလိကဘဏ်များ တွင် နိုင်ငံ ခြား ငွေ စာရင်းကို ဇူလိုင် (၉ ) ရက်မှစတင် ဖွင့်လှစ် နိုင်ပြီဖြစ်ကြောင်း CB ဘဏ်မှအုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့် ထံမှသိရသည်။အစိုးရဌာနများ၊နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်း များ၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ ၊နိုင်ငံခြားသံရုံးများနှင့် သံတမန် အဖွဲ့ဝင်များသည် အစိုးရဘဏ်များ ဖြစ်သော MFTB ၊ MICB ဘဏ်များတွင်သာ နိုင်ငံခြား ငွေစာရင်းဖွင့်ရမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များတွင် အကောင့်ဖွင့်ခွင့်ပြု မည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ထံမှသိရသည်။
နိုင်ငံခြားငွေစာရင်းကိုပုဂ္ဂလိကဘဏ် (၁၁) ဘဏ်တွင်ဖွင့်လှစ်သုံးစွဲခွင့်ရမည်ဖြစ်ပြီး ၊အစိုးရဘဏ်များတွင် အကောင့်ဖွင့်စဉ်ဆောင်ရွက်ရသော နည်းလမ်းများအတိုင်းပင် ဖွင့်လှစ်နိုင် မည်ဖြစ်ကြောင်း၊ငွေကြေးလေး
မျိုးဖြစ်သော ကန်ဒေါ်လာ၊စင်္ကာပူဒေါ်လာ၊ယူရိုငွေနှင့်FEC များစာရင်းရှင်အပ်ငွေအနေဖြင့် ကန် ဒေါ်လာ တစ်သောင်းကျပ်အထိ အပ်နှံနိုင်မည်ဖြစ်ကြောင်း၊ အပ်နှံငွေကြေးမှာ တရားဝင်ငွေကြေးအဖြစ် အထောက်အထားပါရှိရမည်ဖြစ်ပြီး LC အကောင့်များကိုလည်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်းသိရသည်။