Huawei C8812 ကို ROOT လုပ်နည်း
အရင်ဆုံးတော့ C8812 ရဲ့ Driver ကို မိမိစက်မှာ သွင်းပေးထားဖို့ လိုပါတယ်။ မရှိတဲ့သူများအတွက် အောက်မှာ ကျွန်တော် တင်ပေးထားပါတယ်။ မိမိ Windows အလိုက် ဆွဲသွားကြပါ။
ပြီးရင် အောက်မှာ Root ဖိုင်လေးကို Download လုပ်လိုက်ပါ။
ပြီးရင်တော့ အောက်ကအဆင့်တွေအတိုင်း လုပ်သွားလိုက်ပါ။
ROOT လုပ်နည်း
ပြီးရင် အောက်မှာ Root ဖိုင်လေးကို Download လုပ်လိုက်ပါ။
ပြီးရင်တော့ အောက်ကအဆင့်တွေအတိုင်း လုပ်သွားလိုက်ပါ။
ROOT လုပ်နည်း
- အဲ Zip ဖိုင်လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ ပါလာတဲ့ Recovery.exe ဖိုင်လေးကို Run လိုက်ပါ။
- ပြီးလျှင် မိမိဖုန်းရဲ့ Setting ထဲက Application ထဲမှာ Fast Boot ကို Off လုပ်ထားပေးပါ။
- မိမိဖုန်းရဲ့ SD Card ထဲသို့ ခုနက Extra လုပ်ထားတဲ့ update.zip ဖိုင်လေးကို ထည့်လိုက်ပါ။
- မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို 3 မိနစ်လောက် ဖိထားပါ။ Huawei Logo မှာရပ်နေပါမယ်။
- Logo မှာ ရပ်နေပါက ဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျုတာနှင့်ချိတ်လိုက်ပါ။
- ခုနက ကွန်ပျူတာမှာ Run ထားတဲ့ Recovery နေရာမှာ Space Bar နှိပ်သွားပါ။ Update လုပ်နေတာ ကို တွေ့ရပါမယ်။
- ပြီးလျှင် Battery ကို ဆွဲဖြုတ်လိုက်ပါ။ Volume Up + Power ကို ထပ်ပြီး တော့ ဖိထားပေးပါ။ Recovery Mode ထဲ ၀င်သွားပါမယ်။
- ပြီးလျှင် update.zip ဖိုင်လေးကို ရွေးပေးလိုက်ပါ။
- သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ မိမိဖုန်းဟာ Root လုပ်ခြင်း အောင်မြင်သွားပါပြီ။

