အင်္ဂလန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့၌ရောက်ရှိလာကြောင်းသတင်းရရှိပါသည်။ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစု ကြည်သည် ဇွန်လ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံ တွင် နေထိုင်ရန် စီစဉ်ထားပြီး ဗြိတိန်ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံ သွားမည်ဖြစ်ကာ ဗြိတိန် လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဒ်ါအောင်ဆန်းစုကြည်သည် ၁၉၆၀ ပြည့်လွန်နှစ် များက အောက်စဖို့ဒ်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင် ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်သွား မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။